မက်ဆီကိုခေါ်ယူမယ့်အရေးမှာ PSG အတွက် နေမာက အရေးပါလာခဲ့ပါပြီ။
Pyae Phyo Thein

လီယိုနာဒိုနဲ့ မက်ဆီရဲ့ကိုယ်စားလှယ်ကြားမှာ ခေါ်ယူနိုင်မယ့်အလားအလာနဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့အချက်တွေကိုသာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ မက်ဆီကိုခေါ်ယူဖို့အတွက် အသင်းကိုပြောဆိုမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အသင်းအားကစားဒါရိုက်တာလီယိုနာဒိုနဲ့ မက်ဆီရဲ့ ကိုယ်စားလှယ်တို့တွေ့ဆုံမှုတွေရှိခဲ့တယ်လို့ သိရပြီး နေမာက အကျိုးအကြောင်းမေးမြန်းခဲ့ကာ ခေါ်ယူဖို့ တွန်းအားပေးခဲ့တယ်လို့ ဆိုပါတယ်။ 

နေမာနဲ့ မက်ဆီတို့ဟာ နူးကမ့်မှာ လေးနှစ်ကြာတွဲဖက်ကစားခဲ့သူတွေဖြစ်ပြီး ဒီတစ်ပတ်အစောပိုင်းက သူတို့နှစ်ဦးကြားစကားပြောဆိုမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် နေမာက မက်ဆီကိုခေါ်ယူဖို့ ဆွဲဆောင်နေဟန်ရှိပြီး အသက် ၃၃ နှစ်အရွယ်ကစားသမားကို မန်စီးတီးအသင်းကလည်း ကမ်းလှမး်မှုတွေပြုလုပ်နေခဲ့ပြီဖြစ်ပါတယ်။ 

Sky Sports ရဲ့ ဖော်ပြချက်အရ ပြင်သစ်ျန်ပီယံဟာ မက်ဆီအတွက် တစ်စုံတစ်ရာကမ်းလှမ်းမှုတွေမလုပ်ရသေးဘူးလို့သိရပြီး လီယိုနာဒိုနဲ့ မက်ဆီရဲ့ကိုယ်စားလှယ်ကြားမှာ ခေါ်ယူနိုင်မယ့်အလားအလာနဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့အချက်တွေကိုသာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ စပိန်သတင်းစာ AS ကလည်း ပီအက်စ်ဂျီဟာ မက်ဆီရဲ့စာချုပ်လျော်ကြေးကို ကျော်လွှားနိုင်မယ့် နည်းလမ်းကိုရှာဖွေနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ပီအက်စ်ဂျီရဲ့ ကြိုးပမ်းမှုမှာ ဘဏ္ဍာရေးစည်းမျဉ်းတွေကို မထိခိုက်စေဘဲ ကျော်လွှားနိုင်မယ့်နည်းလမ်းကို ရှာဖွေမှုလည်း ပါဝင်နေပါတယ်။ FFP စည်းမျဉ်းအရ စိုးရိမ်ဖွယ်ရာအနေအထားမျိုးမှာ ပီအက်စ်ဂျီကရှိနေတာဖြစ်ပြီး မက်ဆီကိုခေါ်ယူပါက ပေးချေရမယ့် ငွေကြေးတန်ဖိုးဟာ စည်းမျဉ်းကို ကျော်လွန်ပြီး လုပ်ဆောင်ရမယ့်အနေအထားမျိုးကိုတော့ မဖြစ်စေချင်ဘူးလို့ ပြင်သစ်ကလပ်ဘက်က ဆန္ဒရှိနေပါတယ်။ 

မက်ဆီဟာ လက်ရှိမှာ တစ်နှစ်လုပ်ခပေါင် ၉၅ သန်းအထိရရှိနေတယ်လို့ သိရပြီး အခွန်ဆောင်အပြီး သူ့ရဲ့အသားတင်လစာငွေဟာ ပေါင် ၆၄သန်းအထိရှိနေပါတယ်။ ဒါပေမယ့်လည်း လက်မှတ်ထိုးခ၊ အောင်မြင်မှုပေါ်မူတည်ပြီး နောက်ထပ်အပိုဆုကြေးတွေပေးချေနေရပြီး သူ့ကိုခေါ်ယူဖို့အတွက်ဆိုရင် ကြီးမားတဲ့ငွေကြေးပမာဏကို ရင်းနှီးမြှုပ်နှံရမှာလည်းဖြစ်ပါတယ်။ 


Author


က္က