ခေါ်ယူမယ့်အသင်းကို နည်းပြ အူနိုင်းက စောင့်မျှော်နေခဲ့တာပါ။

ဒီနှစ်မှာ ဒေးဗစ်လုဇ်ရောက်လာတာကြောင့် အသင်းရဲ့ လူစာရင်းမှာပင် မပါဝင်တော့တဲ့ မူစတာဖီကို ရိုးမားက ခေါ်ဖို့ ချိတ်ဆက်ခဲ့ပေမယ့်လည်း ယူနိုက်တက်က စမောလင်းကိုသာခေါ်ယူဖြစ်ခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ မူစတာဖီကတော့ ဥရောပအပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ အသင်း သစ် တစ်သင်းကို ရှာဖွေတွေ့ရှိဖို့ များနေပါပြီ။



အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက မူစတာဖီနဲ့ကွင်းလယ်လူ အယ်လ်နီနီတို့ကို အသင်းသစ် ရှာဖွေတာအကောင်းဆုံး ဖြစ်မယ်လို့ ပြောဆိုထားတာရှိပြီး ခေါ်ယူမယ့်အသင်းတွေကို စောင့်မျှော်နေခဲ့တာပါ။

မိုဟာမက် အယ်လ်နီနီ ကတော့ ဘီဆစ်တပ်အသင်းကို တစ်ရာသီအငှားနဲ့ ရောက်ရှိသွားချိန်မှာ မူစတာဖီကိုတော့ ခေါ်ယူမယ့် တစ်သင်းမှ ကမ်းလှမ်းလာခြင်း မရှိသေးတာပါ။

လက်ရှိမှာတော့ Metro.com သတင်းဌာနရဲ့ ဖော်ပြချက်အရမူစတာဖီကို အီတလီကလပ် ဂျူဗင်တပ်အသင်းက ခေါ်ယူတော့မယ်လို့သိရတာပါ။



ဂျူဗင်တပ်အသင်းအနေနဲ့ ကြီးမားတဲ့ အရွတ်ထိခိုက်ဒဏ်ရာရရှိသွားတဲ့အသင်းခေါင်းဆောင် ချီလီနီ ကာလ အတန်ကြာ အနားယူရချိန်မှာ အသင်းရဲ့ လူစာရင်းကို ပြန်လည်ဖြည့်တင်းလိုတာကြောင့် မူစတာဖီကို ခေါ်ယူသွားမှာလို့လည်း သိရပါတယ်။

အာဆင်နယ်အသင်းကတော့မူူစတာဖီကို ၂၀၁၆ ခုနှစ်က ဗလင်စီယာအသင်းကနေ ပေါင် ၃၅သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့အသင်းကို ဒေးဗစ်လုဇ်ရောက်လာတာကြောင့် လူစာရင်းမှာပင်မပါဝင်တော့တာ ဖြစ်ပါတယ်။

မူစတာဖီကို ရိုးမားက ချိတ်ဆက်ခဲ့သေးတယ်လို့သိရပေမယ့် ရိုးမားကတော့ ယူနိုက်တက် နောက်ခံလူ စမောလင်းကိုသာ ခေါ်ယူသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က