နေမာနဲ့ဘတ်ပေတို့နှစ်ဦးက အသင်းကို အများကြီး ပြောင်းလဲပေးနိုင်ခဲ့တယ်လို့ ဥက္ကဌက ဆိုပါတယ်။

ပီအက်စ်ဂျီကို ရော်နယ်ဒိုပြောင်းမယ်လိုထွက်ပေါ်နေတဲ့သတင်းတွေအကြားမှာ နေမာလည်း အသင်းပြောင်းတော့ မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ပီအက်စ်ဂျီရဲ့ တိုက်စစ်အတွဲဖြစ်တဲ့ နေမာနဲ့ ဘတ်ပေတို့ဟာ အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ အသင်းဥက္ကဌက အတ္တလန္တာကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးမှာ ပြောသွားပါတယ်။


ပီအက်စ်ဂျီအသင်းအနေနဲ့ မိနစ် ၉၀အထိ အတ္တလန္တာကို ၁-၀နဲ့ အရေးနိမ့်နေခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ ၂-၁နဲ့ ပြန်လည်အနိုင်ယူနိုင်ခဲ့တာပါ။

“လူတိုင်းက ပီအက်စ်ဂျီ ချန်ပီယံလိဂ်အတွက် အဆင့်သင့်မဖြစ်သေးဘူးလို့ ပြောနေပေမယ့် ကျွန်တော်တို့ရဲ့ အကောင်းဆုံးစိတ်ဓာတ်ကို ပြသနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ရည်ရွယ်ချက်က ကြီးကျယ်ခမ်းနားပါတယ်။ဒါပေမယ့် လက်ရှိမှာ ဗိုလ်လုပွဲအတွက် မတွေးသေးပဲ ဆီမီးအတွက်ပဲ အနီးကပ် ပြင်ဆင်မှာပါ။ဒါ့အပြင် ပရိသတ်တွေ အရမ်း စိတ်ဝင်စားနေတဲ့ နေမာနဲ့ဘတ်ပေတို့နှစ်ဦးဟာလည်း အသင်းနဲ့အတူ ဆက်ရှိနေမှာပါ။ဒီကာလအတွင်းမှာ
သူတို့ ဟာ အသင်းကို များစွာပြောင်းလဲပေးနိုင်ခဲ့ပါတယ်။”လို့ ပီအက်စ်ဂျီအသင်းဥက္ကဌ အယ်လ်ခီလိုင်ဖီက ဆိုပါတယ်။


နေမာအနေနဲ့လည်း အတ္တလန္တာကို အနိုင်ရခဲ့တဲ့ပွဲမှာ ကိုယ်တိုင် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆု ရခဲ့ပါတယ်။

ဒါပေမယ့်လည်း အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အသင်းဖော် ချူပိုမိုတင်းကို သူ့ရဲ့ဆုကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် နေမာဟာ ဘောလုံးနဲ့အတူ ကျော်ဖြတ်ဆွဲပြေးခဲ့တဲ့ အကြိမ်ပေါင်း ၁၆ ကြိမ်အထိ ရှိခဲပြီး ၂၀၀၈ ခုနှစ်မှာ မက်ဆီက ယူနိုက်တက်နဲ့ပွဲ၊ ၂၀၀၃ ခုနှစ်မှာ ဇနက်တီက ဒိုင်နမိုကိဗ်နဲ့ပွဲမှာ စွမ်းဆောင်နိုင်ခဲ့မှုနဲ့ တူညီခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်အတွင်းမှာလည်း အခွင့်အရေး ၅ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပြီး ပြစ်ဒဏ်ဘော ၉ ကြိမ်ရယူပေးနိုင်ခဲ့ကာ ဘောလုံးပေးပို့မှု ၄၄ ကြိမ်အောင်မြင်ခဲ့ပါတယ်။ 

ပီအက်စ်ဂျီအသင်းကတော့ လာမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လိုက်ပ်ဇက်-အက်သလက်တီကိုမက်ဒရစ်ပွဲမှ အနိုင်ရအသင်းနဲ့ တွေ့ဆုံနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က