တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာမယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ဘေးလ်အနေနဲ့ ၇ နှစ်ကြာကစားခဲ့တဲ့အသင်းဟောင်းကို ပြန်လည်ခြေချခွင့်ရရှိတော့မှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွငး်မှာပဲ စပါးကစားသမားသစ်အဖြစ် အတည်ပြုနိုင်တော့မယ်လို့ သိရပါတယ်။ 


တော့တင်ဟမ်ဟော့စပါးအသင်းဟာ ရီးရဲလ်ကစားသမားဘေးလ်ကို ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလိ့သိရပါတယ်။ ဝေးလ်လက်ရွေးစင်ကစားသမားကို တစ်နှစ်သက်တမ်းရှိတဲ့ အငှားစာချုပ်နဲ့ ခေါ်ယူသွားမယ်လို့ သိရပြီး စာချုပ်တန်ဖိုးဟာ ပေါင် ၁၃သန်းအထိ တန်ကြေးရှိနိုင်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ငွေကြေးတချို့ကိုတော့ ရီးရဲလ်အသင်းက စိုက်ထုတ်ပေးသွားမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူနိုင်ခွင့်သဘောတူညီချက် ပါဝင်လားဆိုတာကတော့ မသေချာဘဲရှိနေပါသေးတယ်။ ဘေးလ်အနေနဲ့ ၇ နှစ်ကြာကစားခဲ့တဲ့အသင်းဟောင်းကို ပြန်လည်ခြေချခွင့်ရရှိတော့မှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွငး်မှာပဲ စပါးကစားသမားသစ်အဖြစ် အတည်ပြုနိုင်တော့မယ်လို့ သိရပါတယ်။ 

တော့တင်ဟမ်ဟော့စပါးအနေနဲ့ ဒီနေ့ညမှာ ယူရိုပါလိဂ်ခြေစစ်ပွဲကစားရဖို့ရှိနေပြီး အဆိုပါပွဲစဉ်အပြီးမှာမှ တရားဝင်ကြေညာသွားဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း စာချုပ်ဆိုင်ရာ အသေးစားအချက်အလက်လေးတွေ ညှိနှိုှု်င်းဖို့ရှိနေသေးတယ်လို့ သိရကာ အဲဒီအတွက်တော့ ဘယ်လိုပြသနာမျိုးမှ မရှိဘူးလို့ သိရပါတယ်။ 

ဘေးလ်ဟာ ၂၀၁၃ မှာ ရီးရဲလ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ စပါးအသင်းနဲ့အတူ ထင်ပေါ်ကျော်ကြားခဲ့ပြီး ခံစစ်ကစားသမားတစ်ဦးကနေ တိုက်စစ်အားသန်ကစားသမားတစ်ဦးအဖြစ် ပြောင်းလဲကစားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 


စပါးအနေနဲ့ ဘေးလ်နဲ့အတူ ဘယ်နောက်ခံလူရီဂွီလွန်ကိုလည်း ခေါ်ယူသွားဖို့ နိးစပ်နေပြီး စပိန်ကစားသမားအတွက်တော့ ပေါင် ၂၇ သန်း ပေးချေသွားရမယ်လို့ သိရပါတယ်။ 


Author


က္က