ပေါင်သန်း ၅၀နဲ့ ကနဦး သဘောတူညီမှုရထားပြီလို့ ဆိုပါတယ်။

လာမယ့် ၄၈နာရီအတွင်း ဆေးစစ်မှု လုပ်ဆောင်သွားမှာ ဖြစ်ကာ စာချုပ်ချုပ်ဖြစ်ခဲ့ရင်‌တော့ တစ်ပတ် လုပ်ခ ပေါင် ၁၉၀၀၀၀ အထိရရှိမယ်လို့ သိရပါတယ်။

လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ချဲလ်ဆီးက တစ်ပတ်လုပ်ခ ပေါင်၁သိန်း၉သောင်းနဲ့ တစ်ပတ်အတွင်း ၅နှစ်စာချုပ် ချုပ်ဆိုတော့မယ်လို့ The Telegraph သတင်းဌာနက ဖော်ပြလာပါတယ်။



အင်္ဂလန်နဲ့လက်စတာနောက်ခံလူဟာ ခြေဖနောင့်ဒဏ်ရာရနေတာကြောင့် ချဲလ်ဆီးဆေးအဖွဲ့အနေနဲ့ ဆေးစစ် မှု ကျေနပ်မှုရပါက လာမယ့် ၃ရက်အတွင်း အပြီးသတ် ခေါ်ယူနိုင်မယ်လို့လည်း သိရပါတယ်။

အဆိုပါ ဒဏ်ရာကြောင့်ပဲ ဘန်ဟာ လက်စတာရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲကို လွဲချော်ခဲ့ပါတယ်။ချဲလ်ဆီး အသင်းကတော့ အဆိုပါ ဒဏ်ရာကို သိပ်စိုးရိမ်မှုမရှိပဲ စာချုပ်ချုပ်ဆိုဖို့ပဲ တွန်းအားပေးလုပ်ဆောင်နေတယ်လို့ လည်းသိရပါတယ်။

ချဲလ်ဆီးနဲ့ လက်စတာအကြား ပေါင်သန်း ၅၀နဲ့ သဘောတူထားတယ်လို့ သိရပြီး ဒါဟာ ကနဦး ပေးချေရမယ့် ပမာဏသာရှိသေးပြီး နောက်ထပ် ခြေစွမ်းနဲ့ အောင်မြင်မှုအပေါ်မူတည်ပြီး ထပ်လောင်းပေးဆောင်ရမယ့် သဘောတူညီချက်တွေ ရှိသေးတယ်လို့လည်း The Telegraphက ဖော်ပြထားပါသေးတယ်။

၁၁နှစ်ကြာ လက်တွဲလာခဲ့တဲ့ လက်စတာအသင်းကို စွန့်ခွာကာ လာမယ့် ၄၈နာရီအတွင်း ချဲလ်ဆီးနဲ့ ဆေးစစ် မယ်လို့လည်း သိရပါတယ်။

ချဲလ်ဆီးအသင်းကတော့ ရာသီသစ်အတွက် ကစားသမားခေါ်ယူမှုကို အလုံးအရင်း လုပ်ဆောင်နေပြီး လိုက်ပ် ဇက်က တီမိုဝါနာကို ခေါ်ယူထားနိုင်ပြီ ဖြစ်သလို လေဗာကူဆင်က ကိုင်ဟားဗက်ဇ်၊ပီအက်စ်ဂျီက သီယာဂိုလ် ဆေးလ်ဗားတို့ကိုလည်းခေါ်ယူဖို့ နီးစပ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က