အသက် ၁၉နှစ်သာရှိပါသေးတယ်။

ပေါင်သန်း ၄၀ အသင်းက သတ်မှတ်ထားသော်လည်း လာမယ့်နှစ်မှာ ကုန်ဆုံးမယ့် စာချုပ်ကြောင့် ဂါစီယာ အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၇.၂သန်းသာ မန်စီးတီး ကမ်းလှမ်းမှု ရရှိလာတာပါ။

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းက နောက်ခံလူ အဲရစ်ဂါစီယာကို ပေါင် ၇.၂သန်းနဲ့ စာချုပ်ချုပ်ဆိုခေါ်ယူ နိုင်ဖို့ မန်စီးအသင်းထံ တရားဝင် ကမ်းလှမ်းခဲ့တယ်လို့ Daily Mail က ဖော်ပြလာပါတယ်။



ဒီကမ်းလှမ်းမှုက ယခုနှစ် ဘောလုံးရာသီ နွေရာသီစျေးကွက်မှာ ဘာစီလိုနာအသင်းရဲ့ ပထမဆုံး ကစားသမား ခေါ်ယူဖို့ ကမ်းလှမ်းမှုလည်း ဖြစ်ပါတယ်။

အသက် ၁၉နှစ်အရွယ်သာ ရှိသေးတဲ့ စပိန်လူငယ် နောက်ခံလူ ဂါစီယာအတွက် မန်စီးတီးအသင်းက ပေါင် သန်း ၄၀ အထိသတ်မှတ်ထားသော်လည်း လာမယ့်နှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သက် တမ်း တိုးဖို့လည်း ကစားသမားဖက်က ငြင်းပယ်ထားတဲ့အတွက် ဘာစီလိုနာအသင်းက ပေါင် ၇.၂သန်းသာ ပေး ချေလာတာပါ။

ဒါပေမယ့်လည်း ကစားသမားဖက်ကတော့ လာမယ့် ရာသီသစ်မှာ မန်စီးတီးနဲ့ ပွဲတွေ ကစားဖို့သာ အာရုံစိုက်ထား ပြီး ဘာစီလိုနာကို ပြောင်းမယ်ဆိုတဲ့ သတင်းတွေအပေါ် တုံပြန်မှု တစ်စုံတစ်ရာ မရှိပေ၊၊

“အသင်းနဲ့ ၂၀၂၁ကုန်ရင် စာချုပ်သက်တမ်းတိုးမယ့် ကိစ္စကို ငြင်းပယ်ထားတယ်ဆိုတာ အမှန်ပါ၊အခု စပိန်အသင်း နဲ့ နိုင်ငံတကာပွဲ တာဝန်တွေပြီးရင်တော့ မန်ချက်စတာကို ပြန်မှာပါ၊ပြီးရင် ရာသီသစ်အတွက်ပဲ အာရုံစိုက်ထားပါ တယ်။”လို့ ဂါစီယာက Marca သတင်းဌာနကို ဖြေသွားပါတယ်။

ဂါစီယာကတော့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ မန်စီးတီးအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၂၂ပွဲအထိ ပါဝင်နိုင်ခဲ့ပြီး ဘာစီလို နာ နည်းပြသစ် ကိုးလ်မန်းကတော့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားကို အိမ်ကို ပြန်ခေါ်ဖို့ ကြိုးစား နေပါပြီ။

Share

Loading Next Article...
က္က