ပေါင်သန်း ၁၀၀ နဲ့ ညှိနှိုင်းနေကြတာဖြစ်ပါတယ်။
Pyae Phyo Thein

ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ဖို့ အသင်းနှစ်သင်းကြားမှာ သဘောတူဖို့နီးစပ်နေတာဖြစ်ပြီး အဆိုပါစျေးနှုန်းထက် နည်းပါးတဲ့ကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်က ပြုလုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိဖို့ နိးစပ်နေပြီလို့ သိရပါတယ်။ ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ဖို့ အသင်းနှစ်သင်းကြားမှာ သဘောတူဖို့နီးစပ်နေတာဖြစ်ပြီး အဆိုပါစျေးနှုန်းထက် နည်းပါးတဲ့ကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်က ပြုလုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဒီဆွေးနွေးမှုဟာ သဘောတူညီမှုရဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ သိရပါတယ်။ ဇူလိုင် ၂၇ ရက်နေ့မှာ စျေးကွက်စတင်ဖွင့်လှစ်တာနဲ့ ယူနိုက်တက်က ဆန်ချိုကို ကမ်းလှမ်းမှုတွေစတင်ဖို့ အသင့်ဖြစ်နေပြီး ကစားသမားဘက်ကလည်း ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ 

ဆန်ချိုဟာ ဒေါ့မွန်နဲ့ တစ်ပတ်လုပ်ခပေါင် ၁၉၀၀၀၀ နဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ သူတို့ရဲ့ ကစားသမားကို နည်းပါးတဲ့ငွေကြေးနဲ့ လက်လွှတ်ခံမှာမဟုတ်ဘဲ အနည်းဆုံးပေါင်သန်း ၁၀၀ ရရှိဖို့ သတိပေးပြောဆိိုထားသလို ကစားသမားဘက်က ထွက်ခွာဖို့ ဆန္ဒရှိတယ်ဆိုပါကလည်း ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ 

ဆိုးလ်ရှားဟာ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့နဲ့အတူ အခြားအင်္ဂလန်ကစားသမားဖြစ်တဲ့ ဆန်ချိုကို ပေါင်းစည်းပေးချင်နေပြီး အသင်းတိုက်စစ်ပိုင်းအတွက် အကောင်းဆုံးဖြစ်မယ်လို့လည်း ယုံကြည်နေပါတယ်။ ယူနိုက်တက်ဒုဥက္ကဌဝက်ဒ်ဝုဒ်ကတော့ အပြောင်းအရွှေ့စျေးကွက်မှာ ကြီးမားတဲ့ငွေကြေးသုံးစွဲဖို့ မလွယ်ကူဘူးလို့ ပြောဆိုထားပေမယ့် ဆိုးလ်ရှားကတော့ ခေါ်ယူပေးဖို့ တောင်းဆိုသွားမယ်လို့လည်း သတင်းတွေက ထွက်ပေါ်နေခဲ့ပါတယ်။ 


Author


က္က