ဒေါ့မွန်တောင်းဆိုတဲ့ငွေကြေးက များပြားတယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

သူတို့ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်ပေမယ့်လည်း ပေါင် ၁၀၈သန်းအထိ တန်ဖိုးသတ်မှတ်ထားတာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့တန်ဖိုးထက် များပြားနေတယ်လို့လည်း ယူနိုက်တက်က ယုံကြည်နေခဲ့တာဖြစ်ပါတယ်။


ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေမှုတွေကို လက်လျှော့ဖို့အတွက် ယူနိုက်တက်ဘက်က ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။ ဒေါ့မွန်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့က မဖြစ်နိုင်ဘူးလို့ ယူဆခဲ့တဲ့နောက်မှာ ယူနိုက်တက်က ကြိုးစားနေမှုအားလုံးကို ရပ်တန့်ကာ အခြားကစားသမားတစ်ဦးကို အစားထိုးခေါ်ယူမယ်လို့ သိရပါတယ်။ 

Telegraph ရဲ့ ဖော်ပြမှုမှာတော့ ဒေါ့မွန်အလိုရှိနေတဲ့ ငွေကြေးပမာဏက လက်တွေ့မကျဘူးလို့ ယူနိုက်တက်က ယူဆခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ ဆန်ချိုက သူတို့ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်ပေမယ့်လည်း ပေါင် ၁၀၈သန်းအထိ တန်ဖိုးသတ်မှတ်ထားတာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့တန်ဖိုးထက် များပြားနေတယ်လို့လည်း ယူနိုက်တက်က ယုံကြည်နေခဲ့တာဖြစ်ပါတယ်။

ဆန်ချိုအစား အခြားကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေးလ်၊ ပါရီဆစ် နဲ့ ဒေါက်ဂလပ်ကော်စတာတို့ကို ယူနိုက်တက်က သူတို့ရဲ့ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ သိရပါတယ်။ နည်းပြဆိုးလ်ရှားက သူ့အသင်းအတွက် အရည်အသွေးမြင့်တောင်ပံကစားသမားတစ်ဦး ခေါ်ယူပေးဖို့ တောင်းဆိုထားပြီး လက်ရှိအချိန်ထိတော့ ဝယ်ယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ရာသီသစ်အတွက် ပြင်ဆင်မှုမှာ အေဂျက်ဇ်ကွင်းလယ်လူဗန်ဒီဘိခ်တစ်ဦးတည်းကိုသာ ဝယ်ယူထားရသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က အက်စတွန်ဗီလာနဲ့ ခြေစမ်းပွဲအဖြစ် ယူနိုက်တက်ကစားခဲ့ပြီး ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ကွင်းလယ်လူသစ် ဗန်ဒီဘိခ်က ပထမဆုံးအကြိမ် အသင်းအတွက်ပါဝင်ကစားပေးခဲ့ပါတယ်။ 


Author


က္က