အသင်းရဲ့ အရေးပါတဲ့ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
Pyae Phyo Thein

ယူနိုက်တက်အနေနဲ့ ဆန်ချိုကို တော်တော်လေးအလိုရှိနေပေမယ့် ဒေါ့မွန်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပေါင် ၁၀၈သန်းကို ပေးချေဖို့က အခက်အခဲတွေရှိနေခဲ့ပါတယ်။


ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းက အသင်းဖော်ဆန်ချိုကို အသင်းမှာဆက်နေဖို့အတွက် တွန်းအားပေးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ဆက်သွယ်မှုကို ခံနေရတဲ့ ဆန်ချိုရဲ့ အနာဂတ်ဟာ ဒေါ့မွန်မှာသာ ဆက်လက်ရှိနေဖို့ ရာခိုင်နှုန်းများနေချိန်မှာ ဟာလန်းက ချီးကျူးစကားတွေပြောဆိုခဲ့ပြီး အသင်းဖော်တွေအဖြစ် ဆက်လက်ကစားနိုင်ဖို့ ပြောဆိုခဲ့တာပါ။ 

ယူနိုက်တက်အနေနဲ့ ဆန်ချိုကို တော်တော်လေးအလိုရှိနေပေမယ့် ဒေါ့မွန်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပေါင် ၁၀၈သန်းကို ပေးချေဖို့က အခက်အခဲတွေရှိနေခဲ့ပါတယ်။ ကလပ်အသင်းနှစ်သင်းကြား ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်နေပြီး ဆန်ချိုအသင်းမှာဆက်ရှိမယ်လို့ ဒေါ့မွန်အသင်းဘက်ကလည်း တရားဝင်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ 

Viaplay Fotball ကတဆင့် ဟာလန်းက "ဆန်ချိုအနေနဲ့ ရာသီကြိုအစီအစဉ်တစ်ခုလုံးကို ကောင်းကောင်းဖြတ်ကျော်နိုင်ခဲ့ပြီးပြီလို့ ကျွန်တော်ထင်ပါတယ်၊ သူက ကျွန်တော်တို့အတွက် ဒီရာသီမှာ အရမ်းအရေးကြီးသူတစ်ယောက်ဖြစ်လာပါလိမ့်မယ်" လို့ ဟာလန်းက ပြောဆိုခဲ့ပါတယ်။ ဆန်ချိုကို ယူနိုက်တက် ဆက်သွယ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းမှုကိုလည်း ဟာလန်းက အခုလိုပဲပြောခဲ့ပါတယ်။

"ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်ပါဝင်ပြောဆိုဖို့ မလိုအပ်ပါဘူး၊ ဒါက အသင်းတာဝန်ရှိသူတွေရဲ့ အလုပ်ပါ၊ ဒီအတွက်ကြောင့် ကျွန်တော် ဘာမှတ်ချက်မှမပေးချင်ပါဘူး၊ ဒါပေမယ့်လည်း သူ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင်တော့ ကျွန်တော် အရမ်းပျော်ရွှင်မိမှာပါ၊ သူက သူငယ်ချင်းကောင်းတစ်ဦးလည်းဖြစ်ပြီး အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်" လို့ ဟာလန်းက ပြောခဲ့ပါတယ်။


ဆန်ချိုကတော့ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၀၀ ကျော်ကစားပေးထားပြီး ၃၅ ဂိုးသွင်းယူထားကာ ၄၄ ကြိမ်အထိ ဂိုးဖန်တီးပေးထားခဲ့တယ်လို့လည်း သိရပါတယ်။ 


Author


က္က