၃ နှစ်အရစ်ကျပေးချေသွားဖို့ စီစဉ်နေတာပါ။
Pyae Phyo Thein

ယူနိုက်တက်ဟာ လက်ငင်းငွေသား ယူရိုသန်း ၇၀ ကို ပေးချေသွားမှာဖြစ်ပြီးတော့ ကျန်ရှိတဲ့ ယူရိုသန်း ၅၀ ကို ၂၀၂၁ မှာ ယူရိုသန်း ၃၀၊ ၂၀၂၂ မှာ ယူရိုသန်း ၂၀ ပေးချေသွားဖို့ စီစဉ်နေတာလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကို အရစ်ကျဝယ်ယူသွားဖို့အတွက် စီစဉ်နေပြီလို့ သိရပါတယ်။ ဒေါ့မွန်ဘက်က အလိုရှိနေတဲ့ ယူရိုသန်း ၁၂၀ ကို ၃နှစ်ကြာ အရစ်ကျပေးချေသွားဖို့အတွက် စီစဉ်နေတာဖြစ်ပြီးတော့ ဒေါ့မွန်ဘက်ကလည်း အဆိုပါကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဂျာမနီသတင်းစာ Bild ရဲ့ ဖော်ပြချက်အရဆိုရင် ယူနိုက်တက်ဟာ လက်ငင်းငွေသား ယူရိုသန်း ၇၀ ကို ပေးချေသွားမှာဖြစ်ပြီးတော့ ကျန်ရှိတဲ့ ယူရိုသန်း ၅၀ ကို ၂၀၂၁ မှာ ယူရိုသန်း ၃၀၊ ၂၀၂၂ မှာ ယူရိုသန်း ၂၀ ပေးချေသွားဖို့ စီစဉ်နေတာလို့ သိရပါတယ်။ ဒေါ့မွန်ဘက်ကတော့ သူတို့အလိုရှိတဲ့ ယူရိုသန်း ၁၂၀ ရရှိမယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့မဆို လက်ခံမယ်လို့ သိရပါတယ်။ 

အသက် ၂ဝအရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် ယူနိုက်တက်ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကမ်းလှမ်းမှုတွေလုပ်ခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒေါ့မွန်က သူတို့တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို မရရှိရင် ရောင်းချမှာမဟုတ်ဘူးလို့ အတိအလင်းပြောဆိုထားလို့ ယူနိုက်တက်အတွက် အခက်တွေ့နေရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးပိုင်းအခက်အခဲတွေရှိနေခဲ့တာကြောင့်လည်း ယူနိုက်တက်ဟာ တန်ဖိုးကြီးအပြောင်းအရွှေ့ကို လုပ်ဆောင်ဖို့ ချင့်ချိန်နေရပြီး ဆန်ချိုကတော့ သူတို့အလိုချင်ဆုံးကစားသမားဖြစ်နေတာကြောင့် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဆိုးလ်ရှားက သူ့အသင်းတိုက်စစ်ပိုင်းအတွက် ဆန်ချိုက အရေးပါတယ်လို့ ယုံကြည်နေပြီး အသင်းကို ဝယ်ယူပေးဖို့တောင်းဆိုထားကြောင်းလည်း သတင်းတွေက ဆိုပါတယ်။ 


Author


က္က