ဒီပိုင်းကို ခေါ်ယူဖို့ ဒေါ့မွန်က ကြိုးစားနေပါတယ်။
Pyae Phyo Thein

အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှုမရရှိခဲ့တဲ့ ဒီပိုင်းမှာ ပြင်သစ်လိဂ်မှာတော့ ခြေစွမ်းပြကစားနေခဲ့ပြီး လိုင်ယွန်အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။


ဒေါ့မွန်အသင်းဟာ လိုင်ယွန်တောင်ပံကစားသမားဒီပိုင်းကို ခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ ဂျာမနီသတင်းစာ Kicker က ဖော်ပြလိုက်ပါတယ်။ ဆန်ချိုရဲ့ နေရာကိုအစားထိုးဖို့ ဖြစ်နိုင်တယ်လို့ Kicker က ခန့်မှန်းခဲ့ပြီးတော့ ဒါဟာ ယူနိုက်တက်အတွက်လည်း ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ပိုမိုအားကောင်းလာတယ်လို့ ဆိုပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လိုင်ယွန်အသင်းလွဲချော်ခဲ့ပြီးနောက်မှာ ဒီပိုင်းက အသင်းပြောင်းဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။ ဒီအတွက်ကြောင့် ဒေါ့မွန်က အခွင့်အရေးအရယူပြီး ဒီပိုင်းကို ခေါ်ယူဖို့ ကြိုးစားလာကာ ဆန်ချိုမရှိတော့မယ့် တောင်ပံတိုက်စစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတာလို့လည်း ခန့်မှန်းနေကြပါတယ်။ 

အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှုမရရှိခဲ့တဲ့ ဒီပိုင်းမှာ ပြင်သစ်လိဂ်မှာတော့ ခြေစွမ်းပြကစားနေခဲ့ပြီး လိုင်ယွန်အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဒူးဒဏ်ရာရရှိခဲ့လို့ ကာလရှည်အနားယူခဲ့ရတဲ့ ဟော်လန်လက်ရွေးစင်က အသင်းသစ်တစ်သင်းရှာဖွေနေပြီဖြစ်ပြီး ဒေါ့မွန်နဲ့ သတင်းတွေထွက်လာခဲ့တာပါ။

တစ်ဖက်မှာလည်း ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ကစားသမားဟောင်းဒီပိုင်းရဲ့ အပြောင်းအရွှေ့က သူတို့ကို ကူညီနိုင်ဖွယ်ရာရှိနေတယ်လို့ Mirror က ခေါင်းစဉ်တပ်ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ ယုံကြည်ရပြီး ပြောင်းရွှေ့ကြေးညှိနှိုင်းရာမှာ ကြန့်ကြာနေတယ်လို့ ယူဆရပါတယ်။ 


Author


က္က