စျေးကွက်အတွင်း ခေါ်ယူနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။
Pyae Phyo Thein

ဆန်ချိုအတွက် ယူနိုက်တက်က ပေါင်သန်း ၆၀ နဲ့ ၇၀ ကြား စျေးနှုန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ယုံကြည်ရပြီး အပိုဆုကြေးငွေတွေထည့်သွင်းပေးချေဖို့အတွက် စာချုပ်ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။


ဒေါ့မွန်မှာသာ ဆက်ရှိနေမယ်လို့ ဆန်ချိုရဲ့ပြောဆိုမှုရှိနေပေမယ့်လည်း ယူနိုက်တက်အသင်းဟာ ကစားသမားအတွက် လက်လျှော့မှုမရှိသေးဘူးလို့ သိရပါတယ်။ ဆန်ချိုကို သူတို့အသင်းရဲ့အဓိကပစ်မှတ်အဖြစ် ယူနိုက်တက်က ဆက်လက်သတ်မှတ်ထားဆဲဖြစ်ကာ ခေါ်ယူနိုင်ဖို့မျှော်လင့်နေဆဲဖြစ်တယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။

ပေါင် ၁၀၈သန်းအထိ ဒေါ့မွန်က စျေးနှုန်းသတ်မှတ်ထားတဲ့ တောင်ပံကစားသမားဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ်ပစ်မှတ်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုအဆင်မပြေခဲ့မှုတွေကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်မလာခဲ့ဘဲ ကစားသမားကိုယ်တိုင်က ဂျာမနီကလပ်မှာ ဆက်ရှိနေမယ်လို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။ 

ဆန်ချိုအတွက် ယူနိုက်တက်က ပေါင်သန်း ၆၀ နဲ့ ၇၀ ကြား စျေးနှုန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ယုံကြည်ရပြီး အပိုဆုကြေးငွေတွေထည့်သွင်းပေးချေဖို့အတွက် စာချုပ်ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်က အဆိုပါကမ်းလှမ်းမှုကို လက်မခံခဲ့ဘဲ ကစားသမားအတွက် ပေါင် ၁၀၈ သန်းပေးချေဖို့ကိုသာ တောင်းဆိုခဲ့လို့ အဆင်မပြေမှုတွေရှိနေခဲ့ရပါတယ်။ 

လက်ရှိမှာ ယူနိုက်တက်က အေဂျက်ဇ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆိုးလ်ရှားက အသင်းအတွက် ဗဟိုခံစစ်မှူးတစ်ဦးနဲ့ တောင်ပံကစားသမားတွေကို အလိုရှိနေသေးပြီး ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ရည်ရွယ်နေဆဲဖြစ်တယ်လို့ The Sun ကလည်း အတိအကျဖော်ပြခဲ့တာဖြစ်ပါတယ်။ 


လင်ဂတ်၊ ပါရဲရား၊ စမောလင်း၊ ဖီးလ်ဂျုံးစ်၊ ရိုဟိုတို့ကို ရောင်းချသွားမှာဖြစ်ပြီး နောက်ထပ်ကစားသမားသစ် ၂ဦးအထိ ယူနိုက်တက်က ခေါ်ယူဖို့လည်း ပြင်ဆင်နေပါတယ်။ 


Author


က္က