ငါးနှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
Pyae Phyo Thein

ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းနဲ့ သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ အင်္ဂလန်မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။


ဒေါ့မွန်ကစားသမားဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းနဲ့ သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ အင်္ဂလန်မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။

အသက် ၂ဝအရွယ်ကစားသမားကို သဘောတူညီမှုရရှိခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဒေါ့မွန်နဲ့ ညှိနှိုင်းရတော့မှာဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ ဆန်ချိုကအတွက် အနည်းဆုံးပေါင်သန်း ၁၀၀ အလိုရှိတယ်လို့ ပြောဆိုထားပြီး ယူနိုက်တက်အနေနဲ့ အဆိုပါနှုန်းထားအတိုင်း ပေးချေသွားရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

ဆန်ချိုဟာ ဒီရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၄၄ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၂၀ နဲ့ ဖန်တီးမှု ၂ဝကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားတစ်ဦးအတွက်တော့ တော်တော်လေးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး သူ့ရဲ့ခြေစွမ်းပြမှုတွေကြောင့် ယူနိုက်တက်ဘက်က အလေးအနက်ထားစိတ်ဝင်စားနေခဲ့တာလည်းဖြစ်ပါတယ်။

ဆန်ချိုကိုသာရရှိခဲ့မယ်ဆိုပါက ယူနိုက်တက်အသင်းတိုက်စစ်ပို်င်းမှာ ရက်ရှ်ဖို့၊ မာရှယ်တို့နဲ့အတူ ဆန်ချိုကိုပါ ပိုင်ဆိုင်တော့မှာဖြစ်လို့ ငယ်ရွယ်နုပျိုပြီး စိတ်လှုပ်ရှားစရာတိုက်စစ်အတွဲကို မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကို တောင်ပံတိုက်စစ်ကစားဟန်ကို အသက်သွင်းချင်နေတဲ့ ဆိုးလ်ရှားအတွက် ဆန်ချိုက အဓိကလက်နက်ဖြစ်လာဖွယ်လည်းရှိနေပါတယ်။ 


Author


က္က