ပေါင်သန်း ၅ဝထက် ပိုမပေးဘူးလို့ သတင်းလွှင့်ခဲ့တာပါ။
Pyae Phyo Thein

ယူနိုက်တက်အနေနဲ့ ဆန်ချိုကိုခေါ်ယူနိုင်ဖို့ ရေပန်းစားနေပေမယ့်လည်း ဒေါ့မွန်ဘက်ကတောင်းဆိုတဲ့ေ ငွကြေးပမာဏကို ပေးချေဖို့ အခက်တွေ့နေတာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကို ပေါင်သန်း ၅၀ ထက်ပိုမိုပေးချေသွားဖို့ ဆန္ဒမရှိဘူးလို့ အသင်းရဲ့ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ အသက် ၂ဝအရွယ် ကစားသမားကလည်း ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေကချင်နေပြီး ဒေါ့မွန်ကတော့ အနည်းဆုံးပေါင်သန်း ၁ဝဝအထိ အလိုရှိနေပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဆန်ချိုကိုခေါ်ယူနိုင်ဖို့ ရေပန်းစားနေပေမယ့်လည်း ဒေါ့မွန်ဘက်ကတောင်းဆိုတဲ့ေ ငွကြေးပမာဏကို ပေးချေဖို့ အခက်တွေ့နေတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးပိုင်းအားနည်းမှုတွေရှိနေခဲ့တဲ့ ယူနိုက်တက်ဟာ အပြောင်းအရွှေ့စျေးကွက်မှာ ကြီးမားတဲ့သုံးစွဲမှုတွေကို ပြုလုပ်နိုင်မလားဆိုတာကလည်း သံသယဝင်စရာဖြစ်နေပါတယ်။

လက်ရှိအချိန်ထိတော့ ယူနိုက်တက်ဟာ ဆန်ချိုအတွက် တရားဝင်ချဉ်းကပ်မှုမျိုးမရှိသေးဘူးလို့ သိရပါတယ်။ ဆန်ချိုဟာ ဒေါ့မွန်အတွက် ဒီရာသီဘွန်ဒက်လီဂါမှာ ၁၇ ဂိုးသွင်းကာ ၁၆ ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ ဒေါ့မွန်ကတော့ ကစားသမားက ထွက်ခွာချင်တယ်ဆိုပါက လေးစားမှုပေးသွားမှာဖြစ်ပြီး သူတို့တောင်းဆိုတဲ့ငွေကြေးကိုတော့ ရရှိမှဖြစ်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဒီရာသီမှာ မက်ဂွိုင်းယား၊ ဒန်နီရယ်ဂျိမ်းစ် နဲ့ ဘစ်စ်ကာတို့ကို ပေါင်သန်း ၁၅၀ နီးပါးအကုန်အကျခံကာခေါ်ယူထားခဲ့ပြီး ဇန်နဝါရီမှာတော့ ဘရူနိုဖာနန်ဒက်စ်ကို ပေါင် ၄၆သန်းပေးကာ ထပ်မံခေါ်ယူထားခဲ့ပါတယ်။ စုစုပေါင်း ပေါင်သန်း ၂၀၀ နီးပါးသုံးစွဲခဲ့တာဖြစ်ပြီးတော့ လာမယ့်ရာသီမှာ ဆန်ချိုတစ်ဦးတည်းအတွက် အဆိုပါပမာဏရဲ့ ထက်ဝက်ခန့်ကို သုံးစွဲဖို့က လက်တွန့်ချင်စရာအဖြစ်တော့ ရှိနေခဲ့ပါတယ်။ 


Author


က္က