ဆန်ချိုရဲ့ စျေးနှုန်းကို မေးမြန်းထားတယ်လို့ ဆိုပါတယ်။

ဆန်းချက်ဇ်ကို အလိုက်ပေးမယ်ဆိုပါက ဆန်ချိုရဲ့ တန်ဖိုးကို ဘယ်လောက်ထိလျှော့ပေးနိုင်မလဲလို့ ဒေါ့မွန်ကို မေးမြန်းထားကြောင်းလည်းသိရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းမှာခြေစွမ်းမပြနိုင်ခဲ့လို့ အင်တာမီလန်ကို အငှားချထားခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကို ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကိုခေါ်ယူရာမှာ အလိုက်ပေးကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဆန်းချက်ဇ်ကို အလိုက်ပေးမယ်ဆိုပါက ဆန်ချိုရဲ့ တန်ဖိုးကို ဘယ်လောက်ထိလျှော့ပေးနိုင်မလဲလို့ ဒေါ့မွန်ကို မေးမြန်းထားကြောင်းလည်းသိရပါတယ်။ 

ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ ဆန်ချိုကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲက တစ်သင်းအဖြစ် ယူနိုက်တက်က ရှိနေခဲ့တာပါ။ ဆန်းချက်ဇ်အနေနဲ့ အင်တာမီလန်မှာလည်း ခြေစွမ်းမပြနိုင်တာကြောင့် အိုးထရက်ဖို့ဒ်မှာပြန်လည်ကစားခွင့်ကို ရရှိဖို့ခဲယဉ်းနေပြီဖြစ်ပြီး ယူနိုက်တက်က ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို လျှော့ချရာမှာ အသုံးပြုဖို့ ကြံစည်ခဲ့တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။ 

ချီလီကစားသမားဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခပေါင်ငါးသိန်းအထိ ရရှိခဲ့သူဖြစ်ပြီး ဒီပမာဏက ဒေါ့မွန်အတွက်တော့ မျက်လုံးပြူးစေမှာပါ။ ဒါပေမယ့်လည်း ဆန်းချက်ဇ်ဟာ ယူနိုက်တက်ကနေထွက်ခွာပြီး ချီလီမှာပြန်ကစားချင်တယ်လို့ ဒီလအစောပိုင်းမှာ ပြောဆိုထားခဲ့ဖူးပါတယ်။ ဆန်းချက်ဇ်အနေနဲ့ အင်တာမီလန်မှာလည်း သွင်းဂိုးတစ်ဂိုးတည်းသာရရှိထားခဲ့ပါတယ်။ 

ဆန်ချိုကတော့ ဒေါ့မွန်အတွက် ဘွန်ဒက်လီဂါမှာ ၁၄ဂိုးသွင်းယူကာ ၁၇ ကြိမ်ဖန်တီးပေးထားပြီး ချန်ပီယံလိဂ်သွင်းဂိုးတချို့လည်း ရရှိထားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အသင်းနဲ့အတူ ပွဲထွက်ခွင့်ဆုံးရှုံးနေပြီး လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပြီးခဲ့တဲ့ ၃ပွဲစလုံးကို ကစားနေခဲ့ရသူဖြစ်ပါတယ်။ 

နည်းပြဖာဘရီကတော့ ဆန်ချိုဟာ ခြေသလုံးဒဏ်ရာရရှိထားတယ်လို့ ပြောဆိုထားပြီး ပုံမှန်အတိုင်းပြန်လည်ကစားနိုင်ဖို့အတွက် အချိန်ယူရဦးမယ်လို့ဆိုခဲ့ပါတယ်။ ဘွန်ဒက်လီဂါပွဲစဉ်တွေပြန်လည်စတင်ခဲ့တာ ၃ပွဲအထိရှိလာခဲ့ပြီဖြစ်ပြီး အဆိုပါပွဲအားလုံးမှာဆန်ချိုက လူစားဝင်ကစားခဲ့ရတာပါ။ 



က္က