ပေါင် ၁၃၅ သန်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

လီရွိုင်းကတော့ ဒူးဒဏ်ရာကြေင့် ခွဲစိတ်မှုကို သြစတြီးယားထိ သွားရောက်ပြုလုပ်ထားရပေမယ့် ဘိုင်ယန်မြူး နစ်ကတော့ လာမယ့် ဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ အခုကတည်းက ဈေးနှုန်းသတ်မှတ်ပေးထားပြီးဖြစ်ပါတယ်။

ယခု နွေရာသီဈေးကွက်မှာ လက်လွှတ်ခဲ့ရတဲ့ လီရွိုင်းဆာနေးကို လာမယ့် ဇန်နဝါရီဈေးကွက်မှာ ခေါ်ယူနိုင်ရေး အခုကတည်းက ကြိုတင် ပြင်ဆင်ထားပြီလို့The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။





မန်စီးတီးအသင်းကတော့ သူတို့ရဲ့ ကစားသမားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ စာချုပ်သစ် ချုပ်ဆိုသွားမယ်လို့ သိရသလို ကစားသမားကိုယ်တိုင်ကလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရဖို့ ရှိနေသူ လီရွိုင်းဆာနေးအတွက် ပေါင် ၁၃၅ သန်း ပြင်ဆင်ထားတယ်လို့သိရပါတယ်။

အရွတ်ထိခိုက်ခဲ့တဲ့ ဒဏ်ရာကိုတော့ အသက် ၂၃ နှစ်အရွယ် လီရွိုင်းအနေနဲ့ သြစတြီးယားထိသွားရောက် ကုသ ထားရတယ်လို့လည်းသိရပါတယ်။

ဒီနှစ်မှာတော့ဆာနေးကို ခေါ်ယူဖို့ အဆင်မပြေ ဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ အင်တာမီလန်အသင်းက အိုင်ဗန်ပါရီဆစ်ကိုသာခေါ်ယူခဲ့ရပါတယ်။

ဆာနေးအနေနဲ့လည်း မန်စီးတီးအသင်းကနေ ထွက်ခွာချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားလို့ ဒီတစ်ခေါက် အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းကထွက်ခွာမလား မန်စီးတီးမှာ ဆက်နေမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Share

Loading Next Article...
က္က