၂၀၁၇ ခုနှစ်မှာ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ဂရစ်မန်းကတော့ ပြင်သစ်အတွက် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့ပြီး ဥရောပကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေခဲ့တဲ့အချိန်ဖြစ်ပြီး အာဆင်နယ်က ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ ၂၀၁၇ ခုနှစ်မှာ ပြင်သစ်တိုက်စစ်မှူးဂရစ်မန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့တာကြောင့် ဂရစ်မန်းကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။

အာစင်ဝင်းဂါးရဲ့ အာဆင်နယ်နည်းပြဘဝနောက်ဆုံးအချိန်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးမှုတွေနဲ့ အာဆင်နယ်က ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့်လည်း နာမည်ကျော်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ဆုံးရှုံးခဲ့ရပြီး အဆိုပါကစားသမားတွေထဲမှာမှ ဂရစ်မန်းက တစ်ဦးအပါအဝင်ဖြစ်ခဲ့တယ်လို့ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့တွေအပေါ် သုံးသပ်လေ့ရှိတဲ့ ဒေးဗစ်အော်စတင်က ပြောပြသွားခဲ့ပါတယ်။

"အာဆင်နယ်အနေနဲ့ ၂၀၁၇ ချန်ပီယံလိဂ်ပြိုင်ပွဲကိုသာ ဝင်ရောက်ခွင့်ရရှိခဲ့မယ်ဆိုရင် အန်တိုနီယိုဂရစ်မန်းကို ခေါ်ယူနိုင်ခဲ့မှာပါ၊ ဒါပေမယ့် နှစ်ပေါင်း ၂၀အတွင်းမှာ ပထမဆုံးအကြိမ် သူတို့က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် ဒီအခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်" လို့ ဒေးဗစ်အော်စတင်က The Athletic Q&A Session မှာ ပြောဆိုခဲ့ပါတယ်။

ဂရစ်မန်းကတော့ ပြင်သစ်အတွက် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့ပြီး ဥရောပကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အတွက်လည်း ခြေစွမ်းပြနေချိန်ဖြစ်ပြီး အာစင်ဝင်းဂါးရဲ့ ကာလရှည်ပစ်မှတ်လည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဂရစ်မန်းက ဘာစီလိုနာကို ပေါင် ၁၀၈သန်းနဲ့ ဒီရာသီအစမှာ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။



က္က