ပေါင် ၁၀၉သန်းနဲ့ ဒေါ့မွန်က စတင်ကမ်းလှမ်းမယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ဒေါ့မွန်ကတော့ သူတို့ရဲ့ကစားသမားကို ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ်သင်းဆီကိုသာ ရောင်းချသွားဖို့ ဆုံးဖြတ်ထားပြီး ကစားသမားကိုယ်တိုင်ကလည်း အဆိုပါအသင်းမျိုးကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ ဆိုပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကိုသာ ဝင်ရောက်ကစားခွင့်ရရှိခဲ့မယ်ဆိုပါက ဒေါ့မွန်ဘက်က ဆန်ချိုကို ပေါင် ၁၀၉သန်းနဲ့ ရောင်းချဖို့အတွက် သဘောတူညီလိမ့်မယ်လို့ သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာ ယူနိုက်တက်ဟာ အဆင့် ၅ နေရာမှာရပ်တည်နေတာဖြစ်ပြီး ချယ်လ်ဆီး၊ လက်စတာတို့နဲ့အပြိုင်ဖြစ်နေပါတယ်။ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့မယ်ဆိုရင် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဆန်ချိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ရရှိလိမ့်မယ်လို့ ဂျာမနီသတင်းစာ Bild က ဖော်ပြသွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒေါ့မွန်ကတော့ သူတို့ရဲ့ကစားသမားကို ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ်သင်းဆီကိုသာ ရောင်းချသွားဖို့ ဆုံးဖြတ်ထားပြီး ကစားသမားကိုယ်တိုင်ကလည်း အဆိုပါအသင်းမျိုးကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ ဆိုပါတယ်။ အသက် ၂ဝအရွယ်ကစားသမားဟာ မန်စီးတီးကနေ ဒေါ့မွန်ကို ပြောင်းရွှေ့သွားခဲ့ပြီးကတည်းက ခြေစွမ်းပြနေခဲ့တာဖြစ်ပြီး ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ 

ဒီရာသီမှာ လိဂ်ဂိုး ၁၇ ဂိုးနဲ့ ဖန်တီးမှု ၁၇ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ ဘာမင်ဂင်လူငယ်ကြယ်ပွင့်ဘီလင်ဟမ်ကို ခေါ်ယူဖို့ စီစဉ်ထားပြီး ဆန်ချိုကို သူတို့ကြိုက်စျေးနဲ့ ရောင်းထုတ်သွားဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ဘက်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ထားနိုင်ဖို့တော့လိုအပ်နေတာဖြစ်ပါတယ်။ 




Author


က္က