အင်တာမှာဆက်ကစားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

မာတီနက်ဇ်ကတော့ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ မက်ဆီနဲ့ တိုက်စစ်အသင်းဖော်တွေအဖြစ် ကစားပြီးခဲ့ပြီးဖြစ်ကာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအတွက် ဂိုးအများဆုံးသွင်းနိုင်သူဖြစ်ခဲ့ပါတယ်။ 


အင်တာမီလန်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းလူးဝစ္စှဆွာရက်ဇ်က လော်တာရိုမာတီနက်ဇ်အနေနဲ့ ဆန်စီရိုမှာပဲ ဆက်လက်ကစားသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။ အသက် ၂၂နှစ်အရွယ် မာတီနက်ဇ်ကို ဘာစီလိုနာအသင်းက အလေးအနက်ထားစိတ်ဝင်စားနေတာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးက ဒီရာသီမှာ ၁၆ ဂိုးအထိ ရရှိထားခဲ့ပါတယ်။

၁၉၆၀ ခုနှစ်ရဲ့ ဘလွန်းဒီအောဆုကိုရရှိခဲ့တဲ့ ဆွာရက်ဇ်က သူသာ မာတီနက်ဇ်နေရာမှာသာဆို အင်တာမီလန်မှာ ဆက်လက်အားထုတ်မှုတွေပြုလုပ်ပြီးမှ မက်ဆီနဲ့တွဲဖက်ကစားဖို့ကို စဉ်းစားမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ကတော့ ဘလွန်းဒီအောဆုရရှိပြီး နောက်တစ်နှစ်အကြာမှာ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

"သူ့နေရာမှာ ကျွန်တော်သာဆိုရင် အသင်းပြောင်းမှမဟုတ်ပါဘူး၊ အသင်းမှာဆက်နေမှာလား၊ ပြောင်းရွှေ့မှာလားဆိုတာကို ဆုံးဖြတ်ရတာက အရမ်းစိတ်ရှုပ်ရပါတယ်၊ မက်ဆီက သူ့ကိုဖိတ်ခေါ်ခဲ့မယ်ဆိုရင်တော့ သူ့အတွက်စဉ်းစားဆုံးဖြတ်ရတာက လွယ်ကူ ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့က အရမ်းငယ်ရွယ်သေးတဲ့ ကစားသမားတစ်ဦးအကြောင်းကို ပြောနေတာပါ"

"ကမ္ဘာကြီးပေါ်က အခြားစိန်ခေါ်မှုအားလုံးကို ရှာဖွေဖို့အတွက် သူ့မှာ အချိန်တွေရှိနေပါသေးတယ်" လို့ စပိန်တိုက်စစ်မှူးဟောင်းက Gazzetta dello Sport ကို ပြောဆိုခဲ့ပါတယ်။ မာတီနက်ဇ်ကတော့ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ မက်ဆီနဲ့ တိုက်စစ်အသင်းဖော်တွေအဖြစ် ကစားပြီးခဲ့ပြီးဖြစ်ကာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအတွက် ဂိုးအများဆုံးသွင်းနိုင်သူဖြစ်ခဲ့ပါတယ်။ 

မက်ဆီကတော့ ဘာစီလိုနာအသင်းရဲ့ပစ်မှတ်လည်းဖြစ်၊ အသင်းဖော်လည်းဖြစ်သူရဲ့ ခြေစွမ်းအပေါ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ထားခဲ့ပါတယ်။ သူ့ရဲဲ့ ချီးကျူးမှုတွေအပြီးမှာတော့ မာတီနက်ဇ်ကို ခေါ်ယူဖို့ မက်ဆီဘက်က အသင်းကိုတွန်းအားပေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 



က္က