သတင်းဌာနအများအပြားက ဖော်ပြနေကြပြီဖြစ်ပါတယ်။

မနေ့ညမှာ အဆိုပါသတင်းက တော်တော်လေးပျံ့နှံ့နေခဲ့ပြီး သတင်းဌာနအများအပြားကလည်း ရေးသားဖော်ပြခဲ့ကြကာ မက်ဆီနဲ့ဘာစီလိုနာတို့ရဲ့ ဇာတ်လမ်းဟာ တစ်ခန်းရပ်ပြီလို့ ဆိုခဲ့ကြပါတယ်။


နူးကမ့်ကနေ သူထွက်ခွာတော့မယ်လို့ ဘာစီလိုနာအသင်းကို မက်ဆီက ပြောဆိုခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မနေ့ညမှာ အဆိုပါသတင်းက တော်တော်လေးပျံ့နှံ့နေခဲ့ပြီး သတင်းဌာနအများအပြားကလည်း ရေးသားဖော်ပြခဲ့ကြကာ မက်ဆီနဲ့ဘာစီလိုနာတို့ရဲ့ ဇာတ်လမ်းဟာ တစ်ခန်းရပ်ပြီလို့ ဆိုခဲ့ကြပါတယ်။

ဒီသတင်းကိုတော့ အာဂျင်တီးနားသတင်းဌာန TyC Sports က စတင်ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာတို့ဟာ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် စာချုပ်ပါသဘောတူညီချက်အရ မက်ဆီအနေနဲ့ ရာသီကုန်မှာ အသင်းကနေအလွတ်ထွက်ခွာခွင့်ရရှိမယ့် အချက်ပါဝင်ခဲ့ပြီး ဘာစီလိုနာအတွက်တော့ သူတို့ရဲ့ကစားသမားကို ဆုံးရှုံးရမယ့်အနေအထားမျိုးဖြစ်လာခဲ့ပါတယ်။

မက်ဆီရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေဟာ ဒီရက်ပိုင်းအတွင်းမှာ တော်တော်လေးပျံ့နှံ့ခဲ့သလို ပရိသတ်တွေအားလုံးစောင့်ကြည့်နေရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက နည်းပြသစ်ရော်နယ်ကိုးမန်းနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီးနောက် မက်ဆီက အသင်းဘုတ်အဖွဲ့အပေါ် မယုံမကြည်ဖြစ်နေတယ်လို့ ပြောဆိုခဲ့ကာ အခုအခါမှာတော့ အသင်းကထွက်တော့မယ်လို့ အသိပေးခဲ့ကြောင်း သတင်းတွေထွက်ခဲ့တာပါ။ 

သူ့ရဲ့ကစားသမားဘဝတစ်ခုလုံးကို ဘာစီလိုနာမှာသာ ကုန်ဆုံးနေစေခဲ့တဲ့ မက်ဆီကို ခေါ်ယူဖို့အတွက် အသင်းဟောင်းနယူးဝဲလ်အိုးဘွိုင်းအပါအဝင် ဥရောပထိပ်တန်းကလပ်တွေကလည်း အလိုရှိနေပါတယ်။ မန်စီးတီး၊ အင်တာမီလန်တို့က မက်ဆီကိုခေါ်ယူဖို့ ရေပန်းအစားဆုံးအသင်းတွေဖြစ်ပြီး TyC Sports ကတော့ အာဂျင်တိုင်းကြယ်ပွင့်ဟာ မေဂျာလိဂ်ကို ပြောင်းရွှေ့နိုင်တယ်လို့ ဆိုပါတယ်။ 

အသက် ၃၂နှစ်အရွယ် မက်ဆီဟာ ဘာစီလိုနာအတွက် ၇၃၁ ပွဲကစားပေးခဲ့ပြီး ၆၃၄ ဂိုးသွင်းယူကာ ၂၇၆ ကြိမ်အထိ ဖန်တီးထားပေးနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကို ၈-၂ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းအပေါ် မက်ဆီက စိတ်အပျက်ကြီးပျက်နေခဲ့ကာ လမ်းခွဲဖို့အထိဖြစ်လာခဲ့ရတာလည်းဖြစ်ပါတယ်။ 



က္က