ဘာစီလိုနာ ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအတွက် ၂၀၀၇-၀၈နောက်ပိုင်း ပထမဆုံး ဆုဖလားလက်မဲ့ရာသီဖြစ်ခဲ့ပြီးနောက် နည်းပြ ဆီတီ ယန်ကို အသင်းက ပထမဆုံးပြင်ဆင်ချက်အဖြစ်ထုတ်ပယ်တယ်လို့ ကြေညာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကို ၈-၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ၃ရက်မြောက်နေ့မှာပဲ နည်းပြ ဆီတီယန်ကို ဘာစီလိုနာအသင်း ထုတ်ပယ်လိုက်ပြီလို့ BBC SPORTသတင်းဌာနက ဖော်ပြလာပါတယ်။



တစ်ချိန်တည်းမှာပဲ နယ်သာလန်နည်းပြလည်းဖြစ် တစ်ချိန်က အသင်းရဲ့ ကစားသမားဟောင်းလည်း ဖြစ်သူ ရော်နယ်ကိုးလ်မန်းကို အစားထိုးခန့်အပ်ဖို့ ပြင်ဆင်ထားပြီလို့ သိရပါသေးတယ်။

ရီးရဲဘက်တစ်နည်းပြဟောင်း ဆီတီယန်ကတော့ ဇန်နဝါရီလက နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၂၅ပွဲသာ တာဝန်ယူခွင့်ရခဲ့ပါတယ်။

အဆိုပါ ၂၅ပွဲအနက် နိုင်ပွဲက ၁၆ပွဲနဲ့ ရှုံးပွဲက ၅ပွဲထိရှိခဲ့ပြီး ယခုနှစ်မှာဘာစီလိုနာအသင်းကို ၂၀၀၇-၀၈နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ ရာသီဖြစ်စေခဲ့ပါတယ်။

ဆီတီယန်ကတော့ ဗယ်လ်ဗာဒီရဲ့ နေရာမှာ အစားထိုးဝင်ခဲ့သူ ဖြစ်ပြီး အခုလို သူ့ကို ထုတ်ပယ်ချိန်မှာတော့ - “ဒါ ဟာ အသင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မွမ်းမံပြင်ဆင်ဖို့အတွက် ပထမဆုံး ပြင်ဆင်ချက်ဖြစ်ပါတယ်”လို့ ဘာ စီလိုနာအသင်းက ကြေညာခဲ့ပါတယ်။

နည်းပြသစ်ခန့်အပ်တဲ့သတင်းကိုတော့ ဘာစီလိုနာအသင်းက တရားဝင်မကြေညာသေးပဲ လာမယ့် ရက်ပိုင်းအ တွင်းကြေညာဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က