ဘာစီလိုနာကလည်း ရောင်းချဖို့ အသင့်ဖြစ်နေပါတယ်။
Pyae Phyo Thein

ကော်တင်ဟိုရဲ့ တန်ဖိုးဟာ ပေါင်သန်း ရဝခန့် ရှိမယ်လို့ယူဆရပြီး ဘာစီလိုနာကလည်း နယူးကာဆယ်က ကမ်းလှမ်းခဲ့မယ်ဆိုပါက ရောင်းချသွားဖို့အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။


နယူးကာဆယ်ယူနိုက်တက်အသင်းကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီးပါက ဆော်ဒီအုပ်စုဟာ ဘာစီလိုနာကစားသမားကော်တင်ဟိုကို ပထမဆုံးခေါ်ယူဖို့စီစဉ်ထားကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။ ဆော်ဒီမင်းသားဘင်ဆယ်လ်မန်ရဲ့ စီးပွားရေးအုပ်စုဟာ နယူးကာဆယ်ကို ပေါင်သန်း ၃၀၀ နဲ့ လက်လွှဲဝယ်ယူဖို့အတွက် ကြိုးစားနေတာလည်းဖြစ်ပါတယ်။ 

မိုက်အက်ရှ်လေနဲ့ ဆွေးနွေးမှုတွေပြီးမြောက်ခဲ့ပြီဆိုရင် နယူးကာဆယ်အသင်းဟာ ပြုပြင်ပြောင်းလဲမှုတွေ အများအပြားပြုလုပ်ဖို့ရှိနေပြီး နည်းပြသစ်အဖြစ် စပါးနည်းပြဟောင်းပိုချက်တီနိုကို ခန့်အပ်ဖို့ပါ စီစဉ်ထားတယ်လို့ သိရပါတယ်။ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Mundo Deportivo က ဘရာဇီးလ်ကြယ်ပွင့်ဟာ နယူးကာဆယ်ရဲ့ ပထမဆုံးခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ကော်တင်ဟိုရဲ့ တန်ဖိုးဟာ ပေါင်သန်း ရဝခန့် ရှိမယ်လို့ယူဆရပြီး ဘာစီလိုနာကလည်း နယူးကာဆယ်က ကမ်းလှမ်းခဲ့မယ်ဆိုပါက ရောင်းချသွားဖို့အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကော်တင်ဟိုကို ချယ်လ်ဆီး၊ လက်စတာတို့ကလည်း စိတ်ဝင်စားနေပေမယ့် Mundo Deportivo ကတော့ နယူးကာဆယ်ကိုသာ ရောက်ရှိလိမ့်မယ်လို့ အခိုင်အမာဖော်ပြသွားခဲ့ပါတယ်။ 

အသက် ၂၇ နှစ်အရွယ် ကော်တင်ဟိုဟာ လီဗာပူးလ်ကနေ ဘာစီလိုနာကိုပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းမပြသခဲ့လို့ ဘိုင်ယန်မြူးနစ်ကို အငှားနဲ့သွားရောက်ကစားခဲ့ရပါတယ်။ ဘိုင်ယန်က ပေါင် ၁၀၅ သန်းနဲ့ အပြီးသတ်ဝယ်ယူနိုင်မယ့် အခွင့်အရေးရှိပေမယ့် ခေါ်ယူမှာမဟုတ်ဘူးလို့ တရားဝင်ပြောဆိုထားလို့ ကော်တင်ဟိုကို ကမ်းလှမ်းမယ့်အသင်းတွေကို ဘာစီလိုနာကနားစွင့်နေရပါတယ်။ 



Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က