အလွတ်ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။
Pyae Phyo Thein

ကာဗာနီဟာ ဇွန်လ ၃၀ ရက်နေ့ကတည်းက အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ကာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။ 


လာလီဂါအဖွင့်ပွဲမှာ ဂိုးမရှိသရေကျခဲ့တဲ့ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကာဗာနီဟာ ဇွန်လ ၃၀ ရက်နေ့ကတည်းက အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ကာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။ 

ဥရုဂွေးတိုက်စစ်မှူးအနေနဲ့ နှစ်သက်ရာအသင်းကို ပြောင်းရွှေ့နိုင်မှာဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိတော့ သူကစားမယ့်အသင်းကို ရွေးချယ်နေဆဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဘန်ဇီမာတစ်ဦးတည်းကိုပဲ အားကိုးနေရတဲ့ နည်းပြဇီဒန်းက အသင်းတိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ၀ါရင့်တိုက်စစ်မှူးကို မျက်စိကျလာခဲ့တာဖြစ်ပြီး ရေတိုအနေနဲ့ အသုံးပြုဖို့ ရည်မှန်းလာကြောင်း Marca က ဖော်ပြခဲ့ပါတယ်။ 

ဒီအပြောင်းအရွှေ့အတွက် ဆာဂျီယိုရာမို့စ်ရဲ့ အစ်ကိုဖြစ်သူ ရီနီရာမို့စ်က တာဝန်ယူနေပြီး ကာဗာနီနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ကာဗာနီဟာ ဘယ်အသင်းနဲ့မှ ပြောဆိုဆွေးနွေးခြင်းမရှိဘူးလို့လည်း သတင်းထောက်တစ်ဦးဖြစ်တဲ့ Roberto Gomez က ပြောဆိုခဲ့ပြီး ကာဗာနီကသာ ရီးရဲလ်မှာ ကစားချင်စိတ်ရှိမယ်ဆိုရင် ဒီအပြောင်းအရွှေ့ကဖြစ်ပေါ်လာလိမ့်မယ်လို့လည်း သူက အခိုင်အမာပြောခဲ့ပါတယ်။ 

ရော်နယ်ဒိုထွက်ခွာသွားခဲ့တဲ့နောက်မှာ သွင်းဂိုးတွေရဖို့ ရီးရဲလ်မက်ဒရစ်ဟာ အခက်အခဲတချို့ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီပြသနာကိုဖြေရှင်းဖို့ ဟာဇက်ကို ခေါ်ယူခဲ့ပေမယ့် ထင်တိုင်းမပေါက်ဖြစ်ခဲ့ပြီး ဘန်ဇီမာကိုသာ အားကိုးနေခဲ့ရကာ ပြင်သစ်တိုက်စစ်မှူးခြေစွမ်းမပြနိုင်ချိန်တွေမှာ ဂိုးရဖို့ရုန်းကန်နေခဲ့ရပြီး ဒီအချက်ပြေလည်စေဖို့ ဇီဒန်းက ကာဗာနီကို ပစ်မှတ်ထားလာခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က