မန်ဒီ ရောက်ရှိလာပြီ ဖြစ်တာကြောင့် အမှားများတဲ့ ကီပါအတွက် ချဲလ်ဆီးအသင်းနဲ့ နောက်ဆုံး အချိန်ဖြစ် လာတော့မှာပါ။

ရန်းနက်စ်ဂိုးသမား မန်ဒီကို ခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ အသင်းမှာ အရောင်းစာရင်းတင်သွင်းထားတဲ့ ဂိုး သမားကီပါကို ယခုနှစ် နွေရာသီစျေးကွက် မပိတ်သိမ်းခင် အငှာချနိုင်ရေး စီစဥ်နေပြီလို့ Daily Mail က ဖော်ပြ လာပါတယ်။



နည်းပြ လမ်းပတ်ကတော့ ယခုနှစ် နွေရာသီစျေးကွက်မှာ အသင်းရဲ့ နောက်ဆုံးကစားသမားခေါ်ယူမှုလို့ ဆိုနိုင် မယ့် ဆီနီဂေါ ဂိုးသမား မန်ဒီကို ပေါင် ၂၂သန်းနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ခေါ်ယူနိုင်ခဲ့တာပါ။

လက်ရှိ ပေါင် ၇၂သန်းနဲ့ တန်ဖိုးကြီး ခေါ်ယူထားရတဲ့ ဂိုးသမားကီပါကတော့ အသင်းနဲ့အတူ ၁၈လကျော် ပါဝင် ခဲ့ရာမှာ သိသာထင်ရှားတာဆိုလို့ ကြီးမားတဲ့ မှားယွင်းမှုတွေသာ ထင်ပေါ်နေသူပါ။

နောက်ဆုံး ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာလည်း သူ့ရဲ့ အမှားကတဆင့် ပြိုင်ဖက်ကို ဂိုးပေးလိုက်ရပြီး ပွဲအပြီးမှာ ၂-၀နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ နည်းပြ လမ်းပတ်ကိုယ်တိုင်က ကီပါအပေါ်မှာ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီ ဖြစ်ပြီး အငှားချနိုင်ဖို့အတွက် ခွင့်ပြုပေးလိုက်ပြီလို့လည်း The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါသေးတယ်။

နည်းပြလမ်းပတ်အနေနဲ့ ပြီးခဲ့တဲ့ ဘန်စလေနဲ့ ကစားခဲ့တဲ့ ကာရာဘောင်ပွဲမှာလည်း ဂိုးသမား နေရာမှာ ကီပါအစား ကာဘယ်လ်လီယိုကိုသာ ထည့်သွင်းလာတာ တွေ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ပေါင် ၂၂သန်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုပြီး ခေါ်ယူနိုင်ခဲ့တဲ့ မန်ဒီ အသင်းကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် ဒါဟာ ကီပါရဲ့ ချဲလ်ဆီးအသင်းနဲ့ နောက်ဆုံးအချိန်တွေ ဖြစ်လာတော့မှာ ဖြစ်ကာ ချဲလ်ဆီး အသင်းကလည်း ကမ်းလှမ်းမှုတွေကို စတင် နားစွင့်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က