ချဲလ်ဆီးကို ၂၀၁၈ခုနှစ်က နာပိုလီကနေ ပြောင်းလာသူပါ။
Kyaw Ko Ko Sint

ဂျော်ဂျင်ဟိုကို အာတီတာက မန်စီးတီးမှာ လက်ထောက်နည်းပြ လုပ်စဥ်ကတည်းက မျက်စိကျနေတာ ဖြစ်တယ် လို့သိရပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်အင်အားဖြည့်တင်းဖို့ ကစားသမားရှာဖွေလျက်ရှိရာမှာ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ကနဦးအနေနဲ့ လိုင်ယွန်က ဟောက်ဆန်အူအာနဲ့အက်သလက်က သောမတ်စ်ပါတေးတို့ကို စိတ်ဝင်စားခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ တစ်ဦးတစ်ယောက်နဲ့မျှ တိတိကျကျ သတင်းထွက်မလာနိုင်သေးပါ ဘူး။

လက်ရှိအချိန်မှာတော့ နည်းပြ အာတီတာဟာ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို မျက်စိကျနေပြီလို့ Sky Sport သတင်းဌာနက ဖော်ပြလာပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိ နည်းပြချုပ် အာတီတာဟာ မန်စီးတီးမှာ နည်းပြ ဂွါဒီယိုလာရဲ့ လက်ထောက်နည်း ပြ လုပ်နေစဥ်၂၀၁၈ ကတည်းက ဂျော်ဂျင်ဟိုကို နာပိုလီကနေ မန်စီးတီးကို ခေါ်ယူဖို့ အလိုရှိခဲ့သလို့လည်း သိရပါ တယ်။

ဒါပေမယ့်လည်း အဲ့တုန်းက ဂျော်ဂျင်ဟိုအနေနဲ့ ဆရာဟောင်းရှိရာ ချဲလ်ဆီးကိုသာ ရွေးချယ်ခဲ့ပြီး ချဲလ်ဆီးလည်း ရောက်ရော ကွင်းလယ်မှာ ကန်တေ၊ကိုဗာဆစ်၊ဘိုင်လီတို့နဲ့အတူ နေရာရရှိရေး တိုက်ပွဲဝင်နေခဲ့ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်မှာတော့ စီဘယ်လော့စ်၊ဇာခါ၊အယ်လီနီတို့သာ အဓိက ရှိနေပြီး အခြား ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂွမ်ဒိုဇီနဲ့တော်ရဲရားတို့ကတော့ နည်းပြ အာတီတာလက်ထက်မှာ အခွင့်အရေး မရကြပဲ အသင်းက ပြောင်းဖို့ သတင်းထွက်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က