ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့သိရပါတယ်။
Kyaw Ko Ko Sint

ကမ်းလှမ်းထားပေမယ့်လည်း ပေးချေတဲ့ အပြောင်းအရွှေ့စျေးနှုန်းက သတ်မှတ်နှုန်းထားမရောက်တဲ့ အတွက် မဖြစ်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ဟောက်ဆန်အူဝါအတွက် အာဆင်နယ်အသင်းဖက်က တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း လိုင်ယွန် အသင်းဥက္ကဌ ဂျင်းမိုက်ကယ်အူးလက်စ်က အတည်ပြုပြောလာပေမယ့် လုံလောက်တဲ့ ပမာဏရောက်ဖို့တော့ လိုသေးတယ်လို့လည်း ဆိုလာတဲ့အကြောင်း Mirror သတင်းဌာနက ဖော်ပြလာပါတယ်။

တစ်ဆက်တည်းမှာပဲ အူးလက်စ်က သူ့အသင်းသားအနေနဲ့ အသင်းနဲ့အတူ ဆက်ရှိနေမယ်လို့လည်း ထုတ်ဖော် ပြောခဲ့ပါတယ်။

တွစ်တာမှာလည်း - “ အူဝါထွက်ခွာဖို့ အင်မတန်မှ နည်းပါးပါတယ်၊အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုက လုံလောက်တဲ့ ပမာဏ မဖြစ်ပါဘူး။”လို့ ရေးသားခဲ့ပါသေးတယ်။

ဒီလိုမျိုး အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ပြောတာကလည်း ပထမဆုံး မဟုတ်ပဲ ပြီးခဲ့တဲ့ အပတ်ကလည်း အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုက လိုချင်တဲ့ ပမာဏမှာ ရှိမနေဘူးလို့ ဆိုထားခဲ့ပါသေးတယ်။

“အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုအရ ဟောက်ဆန်အတွက် အကောင်းဆုံးကတော့ အသင်းမှာ ဆက်နေဖို့ပါပဲ။”လို့ လည်း အူလကစ်က ဆိုပါသေးတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ ကွင်းလယ်တိုက်စစ် ကစားသမား ဟောက်ဆန်အူဝါနည်းတူ အက်သ လက်တီကိုအသင်းက သောမတ်စ်ပါတေးကိုလည်း ခေါ်ယူနိုင်ရေး ပစ်မှတ်ထားနေပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က