အသက် ၂၃နှစ်သာရှိပါသေးတယ်။
Kyaw Ko Ko Sint

အသက် ၂၃နှစ်သာရှိသေးပေမယ့် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၉ပွဲထိ ကစားပေးထားပြီး ဖြစ်သ လို နယ်သာလန်ကို အနိုင်ရဗိုလ်စွဲခဲ့တဲ့ ၂၀၁၉နေးရှင်းလိဂ် ဗိုလ်လုပွဲမှာလည်း အကောင်းဆုံး ကစားသမားဆုကို ရရှိ ထားသူပါ။

ဘင်ဖီကာ ဗဟိုခံစစ်မှူး ရူဘင်ဒီယက်စ်ကို မန်စီးတီးအသင်းက ပေါင် ၅၀.၁သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ The Guardian သတင်းဌာနက ဖော်ပြလာပါတယ်။

 မန်စီးတီးအနေနဲ့ ရူဘင်ကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်သူ အိုတာမန်ဒီကို ဘင်ဖီကာ အသင်းထံ ပြန်လည် ရောင်းချပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

ရူဘင်က မန်စီးတီးအသင်းထံ ပေါင် ၅၀.၁သန်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီး မန်စီးတီးက အိုတာမန်ဒီ ကလည်း ပေါင် ၁၃.၇သန်းနဲ့ ဘင်ဖီကာအသင်းထံ ၃နှစ်စာချုပ်နဲ့ ရောက်ရှိတော့မှာပါ။

ရူဘင်အနေနဲ့ မန်စီးတီးအသင်းနဲ့ ဆေးစစ်ဖို့အတွက် မန်ချက်စတာကို လေကြောင်းခရီးဖြင့် လာရောက်ဖို့ ရှိနေပြီး ယခုတစ်ပတ် နောက်ဆုံးရက်လောက်မှာ မန်စီးတီးက တရားဝင် ကြေညာဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

အသက် ၂၃နှစ်သာ ရှိသေးတဲ့ ဘင်ဖီကာ အကယ်ဒမီထွက် အဆိုပါ ဗဟိုခံစစ်မှူးဟာ ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပွဲ ၁၉ပွဲထိ ပါဝင်ထားနိုင်သူလည်း ဖြစ်ပါတယ်။

နည်းပြ ပတ်ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းရဲ့ နောက်တန်းကို အားဖြည့်ဖို့အတွက် ယခုနှစ် အစောပိုင်းက ဘုန်းမောက် နောက်ခံလူ နသန်အကီကို ခေါ်ယူထားနိုင်ပြီး ဖြစ်ကာ ဆက်လက်ပြီးတော့လည်း နာပိုလီနောက်ခံ လူ ကောင်လီဘလီကို ချိတ်ဆက်ခဲ့ပေမယ့် နာပိုလီဖက်က တောင်းဆိုတဲ့ ယူရို သန်း ၈၀ကို မပေးချေနိုင်တဲ့ အတွက် ခေါ်ယူနိုင်ခဲ့ခြင်း မရှိထားပါဘူး။

ရူဘင် ရောက်လာပါက ဘာစီလိုနာကို ထွက်ခွာဖို့ သတင်းထွက်နေတဲ့ အဲရစ်ဂါစီယာလည်း အသင်းပြောင်းဖို့ ပိုမို နီးစပ်သွားတော့မှာ ဖြစ်ပြီး ၎င်းကို အဲဗာတန်နဲ့ဖူဟမ်အသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က