ကနဦးအငှားနြ့ ပြောင်းရွှေ့မှာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်ပါဝင်ပါတယ်။
Pyae Phyo Thein

အသက် ၂၄ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူဟာ ယူနိုက်တက်မှာပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ပွဲစလုံးမှာလည်း လူစာရင်းမှာတောင် မပါဝင်ခဲ့သူဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူပါရဲရားဟာ လာဇီယိုအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ တစ်ရာသီအငှားစာချုပ်နဲ့ ကနဦးပြောင်းရွှေ့မှဖြစ်ပြီး ယူရို ၁၅သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါရှိမယ်လို့ သိရကာ ဒီသတင်းကို နာမည်ကြီးသတင်းထောက် Fabrizio Romano ကိုယ်တိုင်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူဟာ ယူနိုက်တက်မှာပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ပွဲစလုံးမှာလည်း လူစာရင်းမှာတောင် မပါဝင်ခဲ့သူဖြစ်ပါတယ်။ လာဇီယိုနည်းပြအင်ဇာဂီကတော့ ဒီကစားသမားဟာ သူ့အသင်းကို အများကြီးကူညီပေးနိုင်လိမ့်မယ်လို့ ချီးကျူးပြောဆိုခဲ့ပြီး အရည်အသွေးရှိကစားသမားဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

ပါရဲရားဟာ ဂရန်နာဒါ၊ ဗလန်စီယာတို့လို စပိန်ကလပ်တွေမှာ အငှားနဲ့သွားကစားဖူးသူဖြစ်ပြီး ခြေစွမ်းအနည်းငယ်ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပွဲပေါင်း ၄၀ အထိ ကစားခွင့်ရရှိခဲ့ပေမယ့် ပွဲအများစုကိုတော့ အရန်ကစားသမားအဖြစ်နဲ့သာ ပွဲထွက်ခဲ့ရပြီး ၂ ဂိုးသွင်းယူကာ ၄ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ ပစ်ပယ်ခြင်းကို ခံနေရသူလည်းဖြစ်ပါတယ်။ 

ပါရဲရားကိုယ်တိုင်ကလည်း ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေပြီး လာဇီယိုဘက်က ကမ်းလှမ်းခဲ့မှုကို ယူနိုက်တက်က အချိန်တိုအတွင်းမှာပဲ လက်ခံခဲ့တာဖြစ်ပါတယ်။ လာမယ့်ရက်တွေအတွင်းမှာ ဆေးစစ်မှုတွေပြုလုပ်သွားမယ်လို့ သိရပြီး ယူနိုက်တက်မှာ ခြေစွမ်းမပြတတ်တဲ့ ဘရာဇီးလ်သားတွေရဲ့ အစဉ်အလာအတိုင်း ပါရဲရားဟာလည်း အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှုမတည်ဆောက်နိုင်ခဲ့ဘဲ ထွက်ခွာရတော့မှာဖြစ်ပါတယ်။ 


Author


က္က