အနည်းဆုံး တစ်ဦးကိုတော့ ရအောင်ခေါ်ယူမယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ပီအက်စ််ဂျီကနေ အလွတ်ထွက်ခွင့်ရထားတဲ့ ကာဗာနီကို အပြီးသတ်ခေါ်ယူနိုင်ဖို့ အားထုတ်နေတာဖြစ်ပြီး လူကာဂျိုဗစ်ကိုတော့ အငှားနဲ့ခေါ်ယူသွားမယ်လို့ သိရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့အတွက် ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီ နဲ့ ရီးရဲလ်တိုက်စစ်မှူးလူကာဂျိုဗစ်တို့ကို ဆက်သွယ်ထားတယ်လို့ သိရပါတယ်။ ပီအက်စ််ဂျီကနေ အလွတ်ထွက်ခွင့်ရထားတဲ့ ကာဗာနီကို အပြီးသတ်ခေါ်ယူနိုင်ဖို့ အားထုတ်နေတာဖြစ်ပြီး လူကာဂျိုဗစ်ကိုတော့ အငှားနဲ့ခေါ်ယူသွားမယ်လို့ သိရပါတယ်။ 

စျေးကွက်ပိတ်သိမ်းဖို့ တစ်ပတ်ခန့်သာလိုတော့ချိန်မှာ ယူနိုက်တက်အနေနဲ့ အသင်းကိုအင်အားဖြည့်တင်းဖို့ မြန်မြန်ဆန်ဆန်လှုပ်ရှားလာတာလည်းဖြစ်ပါတယ်။ Sky Sports သတင်းထောက်ဒီမာဇီယိုက ဖော်ပြခဲ့တာဖြစ်ပြီး ကာဗာနီ နဲ့ လူကာဂျိုဗစ်တို့ထဲက အနည်းဆုံးတစ်ဦးကို ခေါ်ယူနိုင်ဖို့လည်း ယူနိုက်တက်က မျှော်လင့်ထားကြောင်း သိရပါတယ်။ 

ကာဗာနီဟာ အသင်းလက်မဲ့ဖြစ်နေပြီဖြစ်ပြီးတော့ လက်ရှိအချိန်ထိ သူပြောင်းရွှေ့မယ့်အသင်းကိုရွေးချယ်နေဆဲဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ၀ါရင့်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီရဲ့ သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံကစားသမားဖြစ်ပြီး အသင်းဖော်ဟောင်းသီယာဂိုဆေးလ်ဗားက ချယ်လ်ဆီးကိုပြောင်းရွှေ့ခဲ့သလို သူလည်းပရီးမီးယားလိဂ်ကို ရောက်ရှိလာမလားစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။


လူကာဂျိုဗစ်ကတော့ ရီးရဲလ်မှာ ပုံမှန်ခြေစွမ်းမပြသနိုင်တာကြောင့် ကစားခွင့်ရှားပါးနေပြီး ယူနိုက်တက်က အဆိုပါအခွင့်အရေးကို အရယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဖရန့်ဖတ်ကနေ ပေါင်သန်း ၅၀ နဲ့ ရီးရဲလ်ကိုပြောင်းရွှေ့ခဲ့ပေမယ့်လည်း ပထမရာသီမှာ ဆိုးရွားတဲ့ခြေစွမ်းတွေကိုသာ ပြသနိုင်ခဲ့ပြီး ၂၇ ပွဲကစားခဲ့ရာမှာ ၂ဂိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ တိုက်စစ်ပိုင်းမှာ လက်ရှိအနေနဲ့ တိုက်စစ်မှူးလေးဦးရှိပေမယ့် အီဂါလိုက ဇန်နဝါရီမှာ တရုတ်ကိုပြန်သွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် မာရှယ်၊ ရက်ရှ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့ သုံးဦးတည်းသာရှိတော့မှာဖြစ်ပြီး အသင့်အသုံးပြုနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို လိုအပ်နေတာလည်းဖြစ်ပါတယ်။ 


Author


က္က