ပေါင် သန်း ၅၀နဲ့ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းက ပေါင် ၄၆သန်းနဲ့ ၅၄သန်းကြားထဲမှာ ဒမ်ဘီလီကို ရောင်းထုတ်ဖို့ စဥ်းစားထားတယ်လို့လည်း AS သတင်းဌာနက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းက ပြင်သစ် တိုက်စစ်မှူး အူစမန်ဒမ်ဘီလီကို ပေါင်သန်း ၅၀နဲ့ ခေါ်ယူ နိုင်ရေး အလွန်နီးစပ်နေပြီလို့ စပိန် နာမည်ကြီး သတင်းဌာန AS က ဖော်ပြလာပါတယ်။



ဒမ်ဘီလီကို ယူနိုက်တက်အသင်းက မနှစ်ကတည်းက ခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမယ့် အခြားတိုက်စစ်မှူးတစ်ဦး ဖြစ်သူ ဂျော်ဒန်ဆန်ချိုနောက်ကို လိုက်နေရလို့ သေချာ မခေါ်ယူနိုင် ဖြစ်နေခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ နည်းပြသစ်လက်ထက် နေရာရဖို့ မလွယ် တဲ့ အခြေအနေနဲ့ ကြုံနေရသလို ယူနိုက်တက်အသင်းကလည်း ဆန်ချိုကို ခေါ်ယူဖို့ မလွယ်တဲ့ အခြေအနေတွေက သူတို့ နှစ်ဦးကို ပေါင်းစပ်ဖို့ အခြေအနေတွေ ဖြစ်လာနေပါတယ်။

ယခုနှစ်စျေးကွက်မှာ ဘာစီလိုနာအသင်းအနေနဲ့ ဗီဒယ်နဲ့ဆွာရက်ဇ်တို့ကို ရောင်းချထားပြီး ဖြစ်သလို ဒမ်ဘီလီကို လည်း ပေါင် ၄၆သန်းနဲ့ ၅၄သန်းကြားမှာ ရောင်းချဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အခြားတစ်ဖက်မှာလည်း ဂျော်ဒန်ဆန်ချိုအတွက် ဒေါ့မွန်က ပေါင် သန်း ၁၀၀ကျော် အလိုရှိနေလို့ ယူနိုက်တက် အနေနဲ့ ရွေးချယ်ရ ခက်နေပါတယ်။

ဒမ်ဘီလီကတော့ ဒဏ်ရာ မကြာခဏ ရတတ်ပေမယ့် ကမ္ဘာ့ အတိုးတက်ဆုံး လူငယ်ကစားသမားတစ်ဦး အဖြစ် စာရင်းဝင်ထားသူ ဖြစ်လိုနေဆဲ ဖြစ်ပြီး ယူနိုက်တက်အတွက် ခေါ်ယူမယ်ဆိုရင် တောင်ပံ တိုက်စစ်ကို အကောင်း ဆုံး ပံ့ပိုးပေးနိုင်ဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က