ဒီရာသီအတွက် ခြောက်ဦးမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။
Pyae Phyo Thein

ရာသီကုန်ထိ အငှားနဲ့ ကစားမှာဖြစ်ကာ ယူရို ၄၅သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်သဘောတူညီချက်လည်းပါဝင်တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 


စပါးအသင်းဟာ ဘင်ဖီကာတိုက်စစ်မှူးဗင်နီရှပ်ကို ကနဦးအငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ ဘင်ဖီကာအသင်းကလည်း အတည်ပြုသတင်းထုတ်ပြန်ခဲ့ပြီဖြစ်ပြီး ရာသီကုန်ထိ အငှားနဲ့ ကစားမှာဖြစ်ကာ ယူရို ၄၅သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်သဘောတူညီချက်လည်းပါဝင်တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ မော်ရင်ဟိုအတွက် ဒီရာသီမှာ ခြောက်ဦးမြောက်ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဗင်နီရှပ်အနေနဲ့ ဟယ်ရီကိန်းနေရာမှာ အရန်သင့်အသုံးပြုခံရဖို့ရှိနေပြီး မော်ရင်ဟိုက အသင်းကို တိုက်စစ်မှူးတစ်ဦးတောင်းဆိုခဲ့ပြီးနောက်မှာ လီဗိုင်းက ခေါ်ယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

ဗင်နီရှပ်ဟာ ပြီးခဲ့တဲ့ရာသီမှာ နာပိုလီကနေ ဘင်ဖီကာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စုစုပေါင်း ၄၉ ပွဲကစားခဲ့ရာမှာ ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗီ၊ အင်တာမီလန်တို့ကလည်း သူ့ကိုစိတ်ဝင်စားခဲ့တယ်လို့ သိရပြီး တော့တင်ဟမ်က လက်ဥိးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုအတွက်တော့ ဟယ်ရီကိန်းကို အနားပေးပြီး အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ 

စပါးအသင်းတိုက်စစ်ပိုင်းမှာတော့ အဓိကတိုက်စစ်မှူးအဖြစ် ဟယ်ရီကိန်းတစ်ဦးတည်းသာရှိနေတာဖြစ်ပြီး ဆွန်ဟောင်မင်၊ ဘာဝိန်း၊ မော်ရာတို့က တောင်ပံတိုက်စစ်ကစားသမားတွေသာဖြစ်ပါတယ်။ ဟယ်ရီကိန်းဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ မော်ရာကို တိုက်စစ်မှူးအဖြစ်ထားကစားနေခဲ့ရတာဖြစ်ပြီး ဒီပြသနာကို ဖြေရှင်းဖို့အတွက် ဗင်နီရှပ်ကို ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က