တနင်္လာနေ့ဆိုရင် အပြောင်းအရွှေ့ ပိတ်ပါပြီ။
Kyaw Ko Ko Sint

လိုင်ယွန်ကို အူဝါကို ခေါ်ယူဖို့ မလွယ်တော့တာကြောင့် ချဲလ်ဆီးက ဂျော်ဂျင်ဟိုကို အငှားနဲ့ ခေါ်ယူဖို့ ပြောင်းလဲ စီစဥ်ခဲ့တာပါ။

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်နည်းပြ အာတီတာဟာ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို အငှားနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ မူလက လိုင်ယွန် ကစားသမား အူဝါကို ခေါ်ယူနိုင်ရေး ကြိုးစားခဲ့ပေမယ့် စျေးနှုန်း ညှိနှိုင်းလို့ မရတဲ့အတွက် ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ချဲလ်ဆီး ကစားသမား ထံ အစီအစဥ် ပြောင်းလဲ ရောက်ရှိလာရတာပါ။

အူဝါအတွက် အာဆင်နယ်အသင်းက ယူရို၃၅သန်းပေးချေခဲ့ပေမယ့် လိုင်ယွန်အသင်းကတော့ အနည်းဆုံး ယူရို သန်း ၆၀လောက်အလိုရှိနေခဲ့တာပါ။

ဒါကြောင့် အာဆင်နယ်အသင်းက အူဝါနေရာမှာ အချိန်မီ အစားထိုး ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ဂျော်ဂျင်ဟို ပြောင်းလဲ စိတ်ဝင်စားလာတာပါ။

ဂျော်ဂျင်ဟိုကတော့ ပဲလေ့စ်ကို ၄-၀နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းအတွက် ပင်နယ်တီကတဆင့် ၂ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

နည်းပြလမ်းပတ်အနေနဲ့ ယခုနှစ် ရာသီအတွက် ကစားသမားသစ် ခေါ်ယူမှု များစွာ ပြုလုပ်ထား တာကြောင့် အသင်းမှာ ရှိနေတဲ့ လူစားရင်းထဲမှအချို့ကို ပြန်လည် လျော့ချဖို့ စီစဥ်ထားတယ်လို့ သိရ ပါတယ်။

ဒါပေမယ့်လည်း ဂျော်ဂျင်ဟိုကို အခြား ကွင်းလယ်ခံစစ် တစ်ဦး အစားမထိုးနိုင်ပဲ လက်လွှတ်ဖို့အ တွက်ကိုမူ တွန့်ဆုတ်နေတယ်လို့လည်းသိရပါတယ်။

တနင်္လာနေ့ဆိုရင် အပြောင်းအရွှေ့ပိတ်ပြီ ဖြစ်တာကြောင့် အပြောင်းအရွှေ့ နောက်ဆုံးရက်ကို စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းမလား စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က