ဥရုဂွေး ကလပ်ကလို့ သိရပါတယ်။
Kyaw Ko Ko Sint

အသက် ၁၈နှစ်သာရှိသေးပေမယယ့် အသက် ၁၇နှစ်အရွယ်နဲ့ ပထမအသင်းကြီးအတွက် ပွဲထွက် ပါဝင် ကစားပေးထားနိုင်သူလို့လည်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက် ၁၈နှစ်အရွယ် ညာတောင်ပံ ကစားသမားတစ်ဦးကို ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ Manchester Evening News သတင်းဌာနက ဖော်ပြ လာပါတယ်။

ဥရုဂွေးကလပ်အသင်းတစ်သင်းဖြစ်တဲ့ Penarol အသင်းက ကစားသမားတစ်ဦးဖြစ်ပြီး မနှစ်က အသက် ၁၇နှစ်အရွယ်နဲ့ ပထမအသင်းကြီးမှာ ပွဲထွက်ပါဝင်ကစားခွင့်ရထားသူလို့ သိရပါတယ်။

ထွက်ပေါ်နေတဲ့သတင်းအရ ကစားသမားနှင့် ကလပ်အသင်းတွေအကြား မူအားဖြင့် သဘောတူညီမှု ရရှိထားပြီလို့လည်းသိရပြီး အဆိုပါ ကစားသမားအနေနဲ့ ဇန်နဝါရီလအထိ မူလ ကလပ်အသင်းမှာပဲ ရှိနေဖို့ များတယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်နည်းတူ အဆိုပါ ကစားသမားလေး ပယ်လစ်ထရီကို ရီရဲ၊အက်သလက်၊လိုင်ယွန်၊မန်စီးတီးတို့က လည်း အပြိုင်စိတ်ဝင်စားခဲ့ကြပေမယ့် အဆိုပါ ကစားသမားလေး ကစားနေတဲ့ အသင်းမှာ အက်သလက်နဲ့ယူ နိုက်တက် ကစားသမားဟောင်း ဒီယေဂိုဖော်လန်က နည်းပြအဖြစ် တာဝန်ယူနေခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ကစားသမားလေးအပြင် သူနဲ့ နိုင်ငံတူ စီနီယာကစားသမားကြီး အက်ဒီဆင် ကာဗာနီကိုလည်း ယူနိုက် တက်က ၂နှစ်စာချုပ်နဲ့ အလွတ်ခေါ်ယူနိုင်ရေး နီးစပ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က