တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းရရှိနေသူပါ။
Kyaw Ko Ko Sint

ဝက်စ်ဟမ်းအသင်းကို ၂၀၁၈ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၁၈သန်းနဲ့ အာဆင်နယ်အသင်းထံကနေ ပြောင်း ခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ ပွဲပေါင်း ၁၉ပွဲသာ ပါဝင်ပေးထားနိုင်ခဲ့သူပါ။

အာဆင်နယ်ကစားသမား‌ဟောင်းဖြစ်သူ ဝီးလ်ရှီးယားကို ဝက်စ်ဟမ်းအသင်းက နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။

ဝီးလ်ရှီးယားအနေနဲ့ ဒဏ်ရာ မကြာခဏ ရလေ့ရှိသူ ဖြစ်တာကြောင့် အသင်းရဲ့ တစ်ပတ်လုပ်ခ ပေါင် တစ်သိန်း ပေးဆောင်နေရတာ မမျှတတဲ့ အခြေအနေ ဖြစ်လာတာကြောင့် ကလပ်အသင်းဖက်က အခုလို စာချုပ် ဖျက်သိမ်းလိုက်ရတာလို့လည်း ကြေညာပါတယ်။

ယခုလို စာချုပ်ဖျက်သိမ်းချိန်မှာ အသင်းနဲ့ ကျန်ရှိနေသေးတဲ့ လစာတွေကိုလည်း ကလပ်အသင်းဖက်က ပေးချေဖို့ သဘောတူညီမှုရယူပြီး ဖျက်သိမ်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဝီးလ်ရှီးယားဟာ ဝက်စ်ဟမ်းမှာ ရှိစဥ် အဓိက ဒဏ်ရာကြီး ၃ခု ရရှိခဲ့ပြီး နှစ်ခုက ခွဲစိတ်ကုသဖို့ လိုအပ်ခဲ့သလို အသင်းကို ပြောင်းရွှေ့လာတဲ့ ၂၀၁၈ခုနှစ်က စတင်ပြီး အသင်းအတွက် ၁၉ပွဲသာ ပါဝင်ထားနိုင်သူလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ဝီးလ်ရှီးယားက ကြံ့ခိုင်မှု အပြည့်ဖြင့် ပြီးခဲ့တဲ့ ဟူးလ်စီးတီးကို ၅-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတောင် ပါဝင်ကစားနိုင်ခဲ့သေးပြီး ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က