ချန်ပီယံလိဂ် ကစားခွင့်ရပါက အသင်းရဲ့ အနာဂတ်မှာ ဆက်ရှိနေမယ်လို့ ဒီဘရိုင်းက ဆိုထားပါသေးတယ်။

ချန်ပီယံလိဂ် ကစားခွင့်ရပါက အသင်းမှာ ဆက်နေချင်တယ်လို့ ဆိုထားတာ ရှိဖူးတာကြောင့် လက်ရှိ မန်စီးတီး အသင်းကလည်း ချန်ပီယံလိဂ် ကစားခွင့် ပိတ်ပင်ခံရမယ့်အ‌ရေးကနေလွတ်မြောက်ခဲ့တာကြောင့် ဒီဘရိုင်း အသင်းမှာ ဆက်ရှိနေဖို့ သေချာသလောက် ရှိနေတာပါ။

မန်စီးတီးအသင်းဟာ ဘယ်လ်ဂျီယံ ကစားသမား ကီဗင်ဒီဘရိုင်းကို တစ်ပတ်လုပ်ခ ပေါင်၃သိန်းနဲ့ နှစ်နှစ်သက် တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ဒီဘရိုင်းအနေနဲ့ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၂သိန်း၈သောင်း ရနေပြီး စာချုပ်သစ်အရ  ၂၀၂၃ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေတော့မှာပါ။

လက်ရှိမှာလည်း အသင်းနဲ့ ကစားသမားအကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး အဆင်ပြေတယ်လို့လည်း The Sun သတင်းဌာနက ဖော်ပြပါတယ်။

ကစားသမားအနေနဲ့ အသင်းမှာ ကစားနေတာ ၅နှစ်ရှိပြီ ဖြစ်ပြီး မိသားစုကလည်း မန်ချက်စတာမှာ ပျော်ရွှင်နေ တယ်လို့သိရပါတယ်။

မူလက မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ကစားခွင့်ကို ၂နှစ်ပိတ်ခံရဖို့ နီးစပ်ခဲ့ပြီး အသင်းအနေနဲ့ ချန်ပီယံလိဂ် ကစားခွင့်ရပါက အသင်းမှာ ဆက်ရှိနေဖို့ ဖြစ်နိုင်မယ်လို့ ဒီဘရိုင်းကဆိုထားတာလည်းရှိပါတယ်။

ဒါကြောင့် လက်ရှိ မန်စီးတီးအသင်းကလည်း ချန်ပီယံလိဂ် ကစားခွင့်ပိတ်ပင်ခံရမယ့်အရေးကနေ ရှောင်းလွှဲနိုင် ခဲ့ပြီး ဖြစ်တာကြောင့် ဒီဘရိုင်းအသင်းမှာ ဆက်ရှိနေဖို့ သေချာသလောက် ဖြစ်နေပါပြီ။

၂၀၁၅ခုနှစ်ကတည်းက မန်စီးတီးအသင်းကို ပေါင် ၅၄သန်းနဲ့ ရောက်ရှိလာခဲ့ပြီး အသင်းနှင့်အတူ ဆုဖလား ၇လုံး ဆွတ်ခူးရရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က