ပေါင် ၄၅သန်းတည်းနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
Pyae Phyo Thein

ပြင်သစ်တောင်ပံကစားသမားကို ရောင်းချချင်ပေမယ့်လည်း အသင်းမှာဆက်လက်ထားရှိခဲ့ရလို့ ဇန်နဝါရီမှာ မဖြစ်မနေရောင်းချသွားဖို့အတွက်ကို ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ 


လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဒမ်ဘီလီကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချဖို့အတွက် ဘာစီလိုနာက လျှော့စျေးနဲ့ပေးသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ စပိန်သတင်းဌနာတွေရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Metro က ဖော်ပြခဲ့ရာမှာ ဒမ်ဘီလီကို ပေါင် ၄၅သန်းတည်းနဲ့ ရောင်းချသွားဖို့ ဘာစီလိုနာက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ စျေးကွက်နောက်ဆုံးနေ့က ဒမ်ဘီလီကိုခေါ်ယူဖို့ ဆက်သွယ်ခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘာစီလိုနာက ဒေါသထွက်နေခဲ့ပြီး ပြင်သစ်တောင်ပံကစားသမားကို ရောင်းချချင်ပေမယ့်လည်း အသင်းမှာဆက်လက်ထားရှိခဲ့ရလို့ ဇန်နဝါရီမှာ မဖြစ်မနေရောင်းချသွားဖို့အတွက်ကို ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ 

စပိန်သတင်းဌာန Sport က ဖော်ပြရာမှာတော့ ဘာစီလိုနာက ဒမ်ဘီလီကို စာချုပ်သစ်ချုပ်ဆိုကာ ကစားသမားရဲ့ တန်ဖိုးကို မြှင့်တင်ဖို့ ကြိုးစားချင်နေကြောင်းလည်း သိရပါတယ်။ စာချုပ်သစ်ချုပ်ဆိုခဲ့မယ်ဆိုရင် ဒမ်ဘီလီရဲ့ တန်ဖိုးကို ဘာစီလိုနာက ခိုင်ခိုင်မာမာ ဆုပ်ကိုင်သွားဖို့ ရည်ွယ်ထားပြီး ဒမ်ဘီလီက ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ လူစာရင်းမှာ ချန်လှပ်ဖို့အထိကို လုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။ 

ဘာစီလိုနာနဲ့ ဒမ်ဘီလီတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂နှစ်ကျန်ရှိနေသေးပြီး ကလပ်အသင်းဘက်က စာချုပ်သက်တမ်းနောက်ဆုံးနှစ်မရောက်ခင်မှာ စာချုပ်သစ်ချုပ်ဆိုချင်နေပါတယ်။ ဒမ်ဘီလီက အသင်းပြောင်းရွှေ့ဖို့ထက် နူးကမ့်မှာ နေရာရရှိဖို့ကိုသာ ကြိုးစားချင်နေပြီး တကယ်လို့သာ စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်ခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာက သေချာပေါက်ရောင်းထုတ်သွားဖို့ ရှိနေပြီလည်းဖြစ်ပါတယ်။ 



Author


က္က