ပေါ့ဂ်ဘာက ယူနိုက်တက်ရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားပါ။
Kyaw Ko Ko Sint

ဘာစီလိုနာအသင်းရဲ့ ပုံရိပ်ကို အထင်ကြီး လေးစားသူ ဖြစ်တာကြောင့် အပြောင်းအရွှေ့အတွက် သူကိုယ်တိုင် လမ်းဖွင့်ပေးဖွယ်ရှိနေတယ်လို့ ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စပိန်သတင်းဌာနတစ်ခုက ဖော်ပြ လာတာပါ။

စပိန်ကနေ ရုတ်တရက် ထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ကတ်တလန် ကလပ် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်မှာ ပေါ့ဂ်ဘာရဲ့ အနာဂတ်ကလည်း ရေရှည် အစီအစဥ်မရှိထားပဲ လက်ကျန် စာချုပ် တစ်ရာသီစာသာ ကျန်တော့ချိန်မှာ ကလပ်အသင်းဖက်ကတော့ နောက်ထပ် တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ချင်နေတယ်လို့ သိရ ပါတယ်။

စပိန်သတင်းဌာန Mundo Deportivo ရဲ့ ဖော်ပြချက်အရ ကတ်တလန် ကလပ် ဘာစီလိုနာအသင်းအနေနဲ့ ကမ္ဘာ့ ချန်ပီယံကို ခေါ်ယူနိုင်ရေး မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ ငွေကြေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် မြင့်မားတဲ့ ငွေကြေး တော့ ပေးနိုင်ဖွယ်မရှိပါဘူး။

၂၀၁၉ကတည်းက ပေါ့ဂ်ဘာက အသင်းပြောင်းဖို့ စီစဥ်နေတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ဒါပေမယ့် အဲ့တုန်းကတော့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ပိုမို နီးစပ်ခဲ့တာပါ။

ဘာစီလိုနာအသင်းမှာလည်း ကွင်းလယ်လူတွေဖြစ်တဲ့ ဗီဒယ်၊ရာကီတစ်တို့ အသင်းက ထွက်ခွာသွားချိန် အသင်းရဲ့ ကွင်းလယ်မှာ ကစားသမားသစ် ဒီဂျောင်နဲ့ဘတ်စ်ကွက်တို့ကိုသာ အားပြုနေရလို့ ဘိုင်ယန်ကို အငှားချထားတဲ့ ကော်တင်ဟိုကို ပြန်ခေါ်ထားရပါတယ်။

ပေါ့ဂ်ဘာအနေနဲ့ ယခုနှစ်မှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ပွဲစဥ် ၃ပွဲစလုံး ပါဝင်ပေးထားနိုင်ပြီး စာချုပ် သစ်ကိစ္စအတွက်ကိုမူ ပေါ့ဂ်ဘာက တစ်စုံတစ်ရာ ထုတ်ဖော်ပြောလိုခြင်း မရှိဘူးလို့ ပြောထားပါတယ်။


Author


က္က