ယူနိုက်တက်နဲ့ ကစားသမားကြား ဆက်ဆံရေးကို အဓိကထားစောင့်ကြည့်နေကြတာပါ။
Pyae Phyo Thein

ရီးရဲလ် နဲ့ ဘာကာတို့ကတော့ ဖာနန်ဒက်စ်က စိတ်အားထက်သန်မှုနဲ့ နိုင်လိုစိတ်ပြင်းပြမှုကို သဘောကျနေပြီး အဆိုပါအချက်က သူတို့အသင်းကစားသမားတွေကို ပိုမိုတိုးတက်လာစေမယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။ 


စပိန်ဘီလူးကြီးနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့ဟာ ယူနိုက်တက်မှာ ၈ လကြာသာ ကစားရသေးပြီး ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒီရာသီမှာ ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ရာသီက ခြေစွမ်းမျိုးကို မပြသနိုင်သေးဘဲရှိနေပေမယ့်လည်း စပိန်ထိပ်သီးနှစ်သင်းက စောင့်ကြည့်နေပြီလို့ The Sun က ဖော်ပြခဲ့ပါတယ်။ 

အသင်းကို ကွင်းတွင်းမှာရော၊ အဝတ်လဲခန်းအတွင်းမှာပါ ဦးဆောင်နိုင်သလို အသင်းဖော်တွေကို မညှာမတာဝေဖန်တတ်တဲ့ ဖာနန်ဒက်စ်ဟာ လက်ရှိမှာတော့ ကောလဟလသတင်းတွေကြောင့် ပြသနာတက်နေသူဖြစ်ပါတယ်။ အသင်းဖော်တွေကို ဖာနန်ဒက်စ်က ပြသနာရှာနေခဲ့ပြီး နည်းပြဆိုးလ်ရှားရဲ့ နည်းစနစ်တွေကိလည်း ဝေဖန်ခဲ့တယ်လို့ ဖော်ပြခံခဲ့ရတာဖြစ်ပြီး ဒီအပေါ်မှာတော့ ပေါ်တူဂီကစားသမားက ငြင်းဆန်ထားခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စပို့တင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ တစ်လတာအကောင်းဆုံးကစားသမားဆုတွေကိုလည်း ဆက်တိုက်ဆိုသလို ဆွတ်ခူးခဲ့ပြီး ယူနိုက်တက်အသင်း အဆင့် ၃ နဲ့ ရာသီသိမ်းနိုင်မှုမှာ သူ့ရဲ့ သွင်းဂိုးတွေနဲ့ ခြေစွမ်းတွေက အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေကိုတော့ နည်းပြဆိုးလ်ရှားကလည်း ငြင်းဆန်ထားခဲ့ပြီး ဖာနန်ဒက်စ်က သူ့ရဲ့ဦးစားပေးကစားသမားဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ရီးရဲလ် နဲ့ ဘာကာတို့ကတော့ ဖာနန်ဒက်စ်က စိတ်အားထက်သန်မှုနဲ့ နိုင်လိုစိတ်ပြင်းပြမှုကို သဘောကျနေပြီး အဆိုပါအချက်က သူတို့အသင်းကစားသမားတွေကို ပိုမိုတိုးတက်လာစေမယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။ 

ယူနိုက်တက်ကတော့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားတဲ့ ဖာနန်ဒက်စ်ကို ရောင်းချသွားဖို့ စိတ်ကူးလုံးဝမရှိတာကြောင့် စပိန်နှစ်သင်းအတွက်တော့ ခေါ်ယူနိုင်ဖို့က ခက်ခဲနေမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ မနက်ဖြန်နံနက် (၁း၃၀) နာရီမှာ နယူးကာဆယ်နဲ့ ကစားသွားရမှာဖြစ်ပြီး ရလဒ်ဆိုးတွေအောက်က ရုန်းထွက်ပြရမှာဖြစ်ပါတယ်။ 


Author


က္က