ရီးရဲကို ပြောင်းဖို့ ဆန္ဒရှိနေသူပါ။
Kyaw Ko Ko Sint

ပေါ့ဂ်ဘာကတော့ နိုင်ငံတကာပြိုင်ပွဲကာလမှာ ပြင်သစ်အသင်းနှင့်ပူးပေါင်းနေစဥ် စပိန်ကလပ် ရီးရဲမက်ဒရစ်အ သင်းက အိပ်မက်ထဲကအသင်းလို့ ထုတ်ဖော်ပြောခဲ့ပြီးနောက် အခုလို စာချုပ်သက်တမ်းတိုးလိုက်တဲ့ သတင်းက ထွက်ပေါ်လာတာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိကကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကို ၂၀၂၂ ခုနှစ်အထိ သက်တမ်း ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ဖြင့် တစ်နှစ်တိုးလိုက်တယ်လို့ BBC SPORTသတင်းဌာန ကဖော်ပြလာပါတယ်။

အသက် ၂၇နှစ်အရွယ် ပေါ့ဂ်ဘာဟာ ယခုနှစ်ဘောလုံးရာသီကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်မှာဖြစ်ပြီး ၎င်းကို ဥရောပထိပ်သီးကလပ်အချို့က ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

ယခုနှစ်ရာသီမှာတော့ ယူနိုက်တက်နှင့်အတူ ပွဲအစ ပရီမီးယားလိဂ် ၃ပွဲစလုံးကို ပါဝင်ကစားပေးထားနိုင်ပြီး စပါးကို ၆-၁နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲကာလမှာတော့ ရီးရဲမက်ဒရစ်အသင်းဟာ အိပ်မက်ထဲက အသင်းပါလို့ ပေါ့ဂ်ဘာက ပြောထွက်လာပါသေးတယ်။

ဒါပေမယ့်လည်း အခုလို ပြောစကား ထွက်ပေါ်မလာခင်ကတည်းက ယူနိုက်တက်နှင့် ပေါ့ဂ်ဘာကြားမှာ စာချုပ် သက်တမ်းတိုးဖို့ နားလည်မှု ရရှိထားနှင့်ပြီး ဖြစ်တယ်လို့လည်း သိရပါသေးတယ်။

ပေါ့ဂ်ဘာကတော့ ယူနိုက်တက်ကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ၂၀၁၆ခုနှစ်မှာ ယူနိုက် တက်အသင်းထံ တစ်ဖန်ပြန်လည်ပူးပေါင်းလာခဲ့တာပါ။

မနှစ်က ဘောလုံးရာသီမှာတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းနှင့်အတူ ပွဲကောင်းကောင်း မကစားပေးခဲ့ နိူင်ပဲ စုစုပေါင်း ၂၂ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။


Author


က္က