မက်ဆီဟာ ပြီးခဲ့တဲ့စျေးကွက်အတွင်း ဘာစီလိုနာက ထွက်ခွာဖို့ ရေပန်းစားခဲ့ပြီး မန်စီးတီးက ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအဆင့်အထိကို ရောက်ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာ မက်ဆီက နူးကမ့်မှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မက်ဆီကိုခေါ်ယူနိုင်မယ့် နည်းလမ်းတွေကို အလေးထားစဉ်းစားနေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်မက်ဆီဟာ ပြီးခဲ့တဲ့စျေးကွက်အတွင်း ဘာစီလိုနာက ထွက်ခွာဖို့ ရေပန်းစားခဲ့ပြီး မန်စီးတီးက ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအဆင့်အထိကို ရောက်ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာ မက်ဆီက နူးကမ့်မှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘာစီလိုနာအနေနဲ့ မက်ဆီကို စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ပါက ရောင်းထုတ်ဖို့ ကြိုးစားရမှာဖြစ်ပြီး စာချုပ်သစ်လည်းမချုပ်ဆိုနိုင်၊ ရောင်းထုတ်ခြင်းလည်းမပြုခဲ့ဘူးဆိုရင် ရာသီကုန်မှာ အလွတ်ထွက်ခွာခွင့်ပြုရမှာဖြစ်ပါတယ်။ အဆိုပါအခြေအနေကို အခွင့်ကောငး်ယူပြီး မန်စီးတီးက မက်ဆီကို ပေါင် ၁၅သန်းတည်းပေးချေကာ ခေါ်ယူဖို့အတွက် Daily Star က ဖော်ပြခဲ့ပါတယ်။
မန်စီးတီးအသင်းထိပ်တန်းအကြီးအကဲတွေက မက်ဆီအတွက် အသုံးပြုရမယ့် ငွေကြေးပမာဏကို သူတို့တတ်နိုင်တယ်လို့ ပြောဆိုထားပြီး နည်းပြဂွာဒီယိုလာကလည်း လက်တွဲခဲ့ဖူးတဲ့ ကစားသမားနဲ့ ထပ်မံလက်တွဲချင်နေပါတယ်။ ဒါပေမယ့်လည်း အဓိကအားဖြင့်တော့ မက်ဆီပေါ်မှာသာ မူတည်နေပြီး သူ့အနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာမှာလား၊ စာချုပ်သစ်ချုပ်ဆိုမှာလားဆိုတာ စိတ်ဝင်စားဖွယ်ရာကောင်းနေပါတယ်။
ဘာစီလိုနာနဲ့ မက်ဆီတို့ကြား မြင့်မားတဲ့လျော်ကြေးစာချုပ်ရှိပေမယ့် ဘောလုံးရာသီတစ်ရာသီကုန်ဆုံးတိုင်းမှာ မက်ဆီကိုထွက်ခွာခွင့်ပေးဖို့ ဘာကာက သဘောတူထားရပါတယ်။ ဒါပေမယ့် အဆိုပါစည်းကမ်းဟာ အချိန်အကန့်အသတ်အတွင်းမှာသာဖြစ်ပြီး ပြီးခဲ့တဲ့စျေးကွက်မှာ မက်ဆီက အသင်းကိုအကြောင်းကြားချိန်က သတ်မှတ်ရက်ထက် ကျော်လွန်နေခဲ့လို့ ဘာစီလိုနာက ခွင့်မပြုခဲ့တာလည်းဖြစ်ပါတယ်။