၅နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ဖို့ ကမ်းလှမ်းထားပါတယ်။

ဆွန်ကို ကမ်းလှမ်းတဲ့ စာချုပ်သစ်အရ တစ်ပတ်လုပ် ပေါင် ၂သိန်းအပြင် အခြားခံစားခွင့်တွေပါရမှာ ဖြစ်ပြီး စာချုပ် တန်ကြေးကလည်း ပေါင် သန်း ၆၀ ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင်ကို စပါးအသင်းကိ နောက်ထပ် ၅နှစ်သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရေး ကမ်းလှမ်းထားတယ်လို့  Football Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။



စာချုပ်တန်ကြေးအရ ပေါင် သန်း ၆၀ နီးပါး တန်ကြေးရှိပြီး တစ်ပတ်လုပ်ခလည်း ပေါင် ၂သိန်းအပြင် အခြား ခံစား ခွင့်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီပမာဏဟာ အသင်းမှာ ဂိုးသွင်းဘုရင် အဖြစ် ကစားနေတဲ့ ထိပ်တန်း တိုက်စစ်မှူး အင်္ဂလန် လက်ရွေးစင် ဟယ်ရီ ကိန်းရဲ့ လုပ်ခ ပမာဏနဲ့ တူညီသွားတော့မှာလို့လည်း သိရပါသေးတယ်။

ဆွန်က စပါးက လက်ရှိအချိန်မှာလည်း ကာလရှည် စာချုပ်နဲ့ ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ၂၀၂၃ခုနှစ်အထိ အသင်းမှာ ရှိနေဦးမှာ ဖြစ်ပေမယ့် နောက်ထပ် ၅နှစ်သက်တမ်းတိုး ချုပ်ဆိုချင်နေတာကြောင့် ဆွန်ဟာ စပါးမှာ နောက်ထပ် ၈ နှစ်လောက် ရှိနေနိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ညှိနှိုင်းမှုတွေ လုပ်နေပြီး သဘောတူညီမှုရရှိဖို့အတွက်လည်း အခြေအနေကောင်းနေတယ် လို့ သိရပါတယ်။

ဆွန်ကတော့ စပါးအတွက် စာချုပ်ချုပ်ဆိုချင်လောက်အောင် ခြေစွမ်းပိုင်း မြင့်မားစွာ ပြသနေသူ ဖြစ်ပြီး လက်ရှိမှာ လည်း အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၈ပွဲကစားပြီးရာမှာ ၉ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီ ဖြစ်ပါတယ်။

လေဗာကူဆင်အသင်းက စတင်ရောက်ရှိတဲ့ ၂၀၁၅ခုနှစ်က စတင်ပြီးရင်တော့ ဆွန်ဟာ စပါးအတွက် ၂၃၇ပွဲ ကစားကာ ၉၄ဂိုးသွင်းပြီး ၅၁ဂိုးဖန်တီးပေးထားနိုင်ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က