အဲဗာတန်မှာ နည်းပြဟောင်းအန်ဆယ်လော့တီနဲ့ ပြန်လက်တွဲချင်နေတာပါ။
Pyae Phyo Thein

ဇီဒန်းရဲ့ မျက်နှာသာပေးမှုကို မရရှိဘဲ ရုန်းကန်နေရတဲ့ အစ္စကိုဟာ ဆရာဟောင်းအန်ဆယ်လော့တီနဲ့ အသင်းဖော်ဟောင်းဂျိမ်းစ်ရိုဒရီဂွက်ဇ်ရှိတဲ့ အဲဗာတန်မှာ ကစားဖို့ မျက်စပစ်နေတာပါ။ 


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူအစ္စကိုဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အဲဗာတန်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဇီဒန်းရဲ့ မျက်နှာသာပေးမှုကို မရရှိဘဲ ရုန်းကန်နေရတဲ့ အစ္စကိုဟာ ဆရာဟောင်းအန်ဆယ်လော့တီနဲ့ အသင်းဖော်ဟောင်းဂျိမ်းစ်ရိုဒရီဂွက်ဇ်ရှိတဲ့ အဲဗာတန်မှာ ကစားဖို့ မျက်စပစ်နေတာပါ။ 

အသက် ၂၈ နှစ်အရွယ် စပိန်ကွင်းလယ်လူကို ရီးရဲလ်ကလည်း အသင်းကထွက်ခွာခွင့်ပေးမယ်လို့ သိရပြီး Mirror ရဲ့ ဖော်ပြချက်မှာတော့ ဇန်နဝါရီမှာ အငှားချပြီး ရာသီကုန်မှာ ပေါင် ၁၈ သန်းနဲ့ အပြိးသတ်ရောင်းချသွားဖို့ စပိန်ကလပ်ဘက်က စီစဉ်ထားတယ်လို့ ရေးသားဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။ 

ရီးရဲလ်မက်ဒရစ်ကို အန်ဆယ်လော့တီရဲ့ ခေါ်ယူမှုနဲ့ ရောက်ရှိခဲ့တဲ့ အစ္စကိုက ဒီရာသီမှ အသင်းပြောင်းရွှေ့ပြီး ခြေစွမ်းပြနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ လမ်းစဉ်ကို ယုံကြည်မှုရှိနေတယ်လို့ သိရပါတယ်။ အဲဗာတန်ကလည်း အစ္စကိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ့ရီးရဲလ်မက်ဒရစ်ကတော့ ကစားသမားရဲ့ အေးဂျင့်ကို အင်္ဂလန်နဲ့ အီတလီကလပ်တွေကို ဆက်သွယ်နေပြီလို့ ဆိုပါတယ်။ 

အာဆင်နယ်၊ ဂျူဗင်တပ်စ် နဲ့ ဆီဗီလာတို့လို ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေပေမယ့် အစ္စကိုကိုယ်တိုင်က အဲဗာတန်မှာ အောင်မြင်မယ်လို့ ယုံကြည်နေပါတယ်။ အစ္စကိုဟာ အန်ဆယ်လော့တီလက်အောက်မှာ ၂ရာသီကြာကစားခဲ့ပြီး အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သလို ဂျိမ်းစ်နဲ့လည်း အသင်းဖော်တွေအဖြစ် ကာလအတန်ကြာကစားထားနိုင်ခဲ့ပါတယ်။ 


၂၀၂၂ ခုနှစ်မှာ ရီးရဲလ်နဲ့ အစ္စကိုတို့ရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့လည်း စပိန်ကွင်းလယ်လူက ကလပ်အသင်းသစ်ကို စတင်ရှာဖွေနေတာဖြစ်ပါတယ်။ 


Author


က္က