ဘဏ္ဍာရေးပိုင်းအခက်အခဲတွေကြောင့် ရောင်းချသွားဖို့စဉ်းစားနေတာပါ။
Pyae Phyo Thein

ဂျူဗီအနေနဲ့ လာမယ့်ဖေဖော်ဝါရီမှာ အသက် ၃၆ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုကို အရဲစွန့်ပြီး အသင်းမှာဆက်လက်ထားရှိဖို့ကိုလည်း တွေဝေနေတယ်လို့ သိရပါတယ်။


စပိန်သတင်းစာ AS က ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်တို့ဟာ လာမယ့်နွေရာသီမှာ အစောဆုံးလမ်းခွဲရနိုင်ချေရှိတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ဘဏ္ဍာရေးပြသနာရှိနေတဲ့ ဂျူဗင်တပ်စ်အတွက် လစာငွေမြင့်မြင့်မားမားပေးချေနေရတဲ့ ရော်နယ်ဒိုက တော်တော်လေးကို ဝန်ထုပ်ဝန်လေးဖြစ်နေပြီလို့ အီတလီသတင်းစာတွေကလည်း ဖော်ပြခဲ့ကြပါတယ်။ 

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်မှာ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၇၀ ခန့် ရရှိနေတာဖြစ်ပါတယ်။ ဒီပမာဏဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့တဲ့အချိန်ကစပြီး ဂျူဗင်တပ်စ်အတွက် အခက်အခဲတစ်ခုသဖွယ်ဖြစ်လာခဲ့ပြီး ဝင်ငွေအရပ်ရပ်ကျဆင်းလာခဲ့တဲ့နောက်မှာ ပေးချေနိုင်ဖို့အတွက်ပါ ရုန်းကန်လာရမှုတွေက သူ့ကို လမ်းခွဲဖို့အတွက် အကြောင်းပြချက်ဖြစ်လာခဲ့ပါတယ်။ 

ဂျူဗီအနေနဲ့ လာမယ့်ဖေဖော်ဝါရီမှာ အသက် ၃၆ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုကို အရဲစွန့်ပြီး အသင်းမှာဆက်လက်ထားရှိဖို့ကိုလည်း တွေဝေနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိပေးချေနေရတဲ့ လုပ်ခလစာငွေအတိုင်း ရေရှည်ပေးချေဖို့ကလည်း ခက်ခဲနေတာကြောင့် အမြန်ဆုံးပြန်လည်ရောင်းထုတ်ပြီး ငွေကြေးရယူသွားဖို့ကို စဉ်းစားလာခဲ့ပြီဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ရော်နယ်ဒိုကို ပြန်လည်ရောင်းထုတ်ခဲ့မယ်ဆိုရင် ဝယ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ယူရိုသန်း ၁၀၀ ပြန်လည်ရရှိမယ်လို့ ဂျူဗင်တပ်စ်က မျှော်လင့်နေပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူနိုင်တဲ့ အသင်းအဖြစ် ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းတစ်သင်းတည်းသာရှိနေပြီး ဂျူဗင်တပ်စ်လိုချင်တဲ့ တန်ဖိုးအတိုင်း ပေးဝယ်သါားမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 


Author


က္က