နောက်ရာသီမှာ လဲလှယ်သွားဖို့ မျှော်လင့်နေတာပါ။
Pyae Phyo Thein

လာမယ့်ရာသီသစ်မှာ ကစားသမားလဲလှယ်ဖို့ သဘောတူညီမှုရရှိမယ်လို့လည်း ဂျူဗီက ယုံကြည်နေပြီး ပြင်သစ်ကလပ်ဘက်က လက်ခံနိုင်မယ့် အနေအထားရှိနေတယ်လို့လည်း သူတို့ဘက်က ယူဆနေပါတယ်။


ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို ပီအက်စ်ဂျီတိုက်စစ်မှူးနေမာနဲ့ တိုက်ရို်က်လဲလှယ်သွားဖို့ မျှော်လင့်နေကြောင်း သတင်းတွေထွက်လာခဲ့ပြန်ပါပြီ။ လာမယ့်ရာသီသစ်မှာ ကစားသမားလဲလှယ်ဖို့ သဘောတူညီမှုရရှိမယ်လို့လည်း ဂျူဗီက ယုံကြည်နေပြီး ပြင်သစ်ကလပ်ဘက်က လက်ခံနိုင်မယ့် အနေအထားရှိနေတယ်လို့လည်း သူတို့ဘက်က ယူဆနေပါတယ်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်အထိ ဂျူဗီနဲ့ စာချုပ်သက်တမ်းရှိသူဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗီက ရော်နယ်ဒိုကို စာချုပ်သက်တမ်းမကုန်ခင်မှာ ယူရိုသန်း ၁၀၀ နဲ့ ပြန်လည်ရောင်းထုတ်သွားဖို့ စီစဉ်နေပြီး အလွတ်ထွက်ခွာသွားမယ့်အဖြစ်မျိုးကို မရောက်ရှိစေဖို့အတွက်လည်း သတိကြီးကြီးထားကာ စီမံနေတယ်လို့ သိရပါတယ်။ 

TuttoMercatoWeb ရဲ့ ဖော်ပြချက်မှာဆိုရင်တော့ ရော်နယ်ဒိုနဲ့ နေမာတို့နှစ်ဦးကို အလဲအလှယ်ပြုလုပ်ဖို့ဟာ သူတို့ရဲ့လက်ရှိစာချုပ်တွေအပေါ်မှာ မူတည်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နေမာက စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ပီအက်စ်ဂျီကိုပြောဆိုထားတယ်လို့ သိရပြီး ဂျူဗီဘက်ကတော့ ရော်နယ်ဒိုကို စာချုပ်သစ်ချုပ်ဆိုဖို့ထက် စာချုပ်သက်တမ်းမကုန်ခင်မှာပဲ ရောင်းချသွားဖို့ကို ဆန္ဒရှိနေပါတယ်။ 

အကယ်၍ ရော်နယ်ဒိုကို သူတို့အလိုရှိတဲ့ ငွေကြေးပမာဏနဲ့ မရောင်းချနိုင်ခဲ့ပါက ပီအက်စ်ဂျီက အလိုရှိနေတဲ့အပေါ် အသုံးချပြီး နေမာကို ပြန်လည်ရယူဖို့ ဂျူဗီက စီစဉ်ထားတာလည်းဖြစ်ပါတယ်။ ဒီရာသီအစောပိုင်းမှာ ရော်နယ်ဒိုနဲ့ ပီအက်စ်ဂျီတို့ရဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အခုအခါမှာလည်း ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုက ဒီလိုမဖြစ်လာနိုင်စရာမရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါသေးတယ်။ 

"ဒီနေ့ ဘောလုံးလောကမှာ ကျွန်တော်တို့မသိတာတွေလည်း ဖြစ်လာနိုင်ပါတယ်၊ မနက်ဖြန်မှာ ရော်နယ်ဒိုက သူ တနေရာရာမှာ ကစားချင်တယ်လို့လည်း ပြောနိုင်တာပါပဲ၊ သူ့ကို ဘယ်သူတွေ ဝယ်နိုင်လဲ၊ ဒါက ကျဉ်းမြောင်းတဲ့စက်ဝိုင်းတစ်ခုပါပဲ၊ အဲဒီစက်ဝိုုင်းထဲမှာ ပီအက်စ်ဂျီလည်းပါနေပါတယ်" လို့ လီယိုနာဒိုက ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 


Author


က္က