တပတ်လုပ်ခ ပေါင် ၂၅၈၀၀၀ အထိ ပေးချေသွားမယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ဒီရာသီမှာ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေပြီး တိုနီခရူးစ်နဲ့ မိုဒရစ်တို့နေရာအတွက် လူစားထိုးဖို့ လိုအပ်လာပြီဖြစ်တဲ့ ရီးရဲလ်က သူတို့ရဲ့ ပစ်မှတ်ဟောင်းကို ပြန်လည်ချိန်ရွယ်လာခဲ့တာပါ။ 


ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီရာသီမှာ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေပြီး တိုနီခရူးစ်နဲ့ မိုဒရစ်တို့နေရာအတွက် လူစားထိုးဖို့ လိုအပ်လာပြီဖြစ်တဲ့ ရီးရဲလ်က သူတို့ရဲ့ ပစ်မှတ်ဟောင်းကို ပြန်လည်ချိန်ရွယ်လာခဲ့တာပါ။ 

ပေါ့ဂ်ဘာကို တစ်ပတ်လုပ်ခပေါင် ၂၅၈၀၀၀ အထိ ပေးချေသွားဖို့လည်း ရီးရဲလ်က ပြင်ဆင်ထားတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ စပိန်ကလပ်ကတော့ ပေါ့ဂ်ဘာကို ကာလရှည်စိတ်ဝင်စားခဲ့တဲ့အသင်းဖြစ်ပြီး ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း ရီးရဲလ်မှာ ကစားခွင့်က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိခဲ့ပါတယ်။ 

ဒီရာသီမှာ ယူနိုက်တက်အတွက် ၅ ပွဲတည်းသာ ပွဲထွက်ခွင့်ရရှိထားပြီး ၆ ပွဲအထိ လူစားဝင်ကစားသမားနေရာမှာသာ ပေါ့ဂ်ဘာက ရှိနေခဲ့ပါတယ်။ သွင်းဂိုးတစ်ဂိုး နဲ့ ဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးထားခဲ့ပြီး ပုံမှန်ခြေစွမ်းရဖို့လည်း အားထုတ်နေရကာ အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ ပြင်သစ်နည်းပြဒက်ချမ့်စ်ကိုယ်တိုင်က မနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

ပေါ့ဂ်ဘာက သူ့ရဲ့အဓိကကစားသမားလို့ မကြာခဏဆိုသလို ပြောလေ့ရှိပေမယ့် ဖရက်ဒ်၊ တော်မီနေး၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ ကွင်းလယ်အတွဲအဖက်ကို ဆိုးလ်ရှားက ပိုမိုအသုံးပြုနေပါတယ်။ ပေါ့ဂ်ဘာကလည်း ဒဏ်ရာပြသနာ၊ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေကြောင့် အခက်အခဲကာလတွေကို ကျော်ဖြတ်နေရပြီး လက်ရှိအချိန်ထိ ပုံစံကောင်းရဖို့က ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 


ရီးရဲလ်က ရန်းနက်စ်ကွင်းလယ်လူကာမာဗင်ဂါကိုလည်း စောင့်ကြည့်နေပေမယ့် ပေါ့ဂ်ဘာက အသင်းဥက္ကဌပီရက်ဇ် နှစ်သက်သူဖြစ်လို့ ပိုမိုဦးစားပေးခေါ်ယူဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် တစ်နှစ်လုပ်ခ ယူရို ၁၅သန်းခန့်အထိ ပေးချေကာခေါ်ယူသွားဖို့ ရီးရဲလ်က မျှော်လင့်နေပြီး ယူနိုက်တက်နဲ့ ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။ 


Author


က္က