လက်ရှိ စာချုပ်အရ တစ်ပတ်လလုပ်ခ ပေါင် ၁သိန်း၄သောင်းသာရရှိနေပါတယ်။

စပါးအသင်းဟာ ဆွန်ကို တစ်ပတ်လုပ်ခ ပေါင်၂သိန်း အထိ တိုးမြှင့်ပေးပြီး အသင်းရဲ့ လုပ်ခမြင့် ကစားသမားတစ် ဦး အဖြစ် ဆက်လက်ထိန်းထားဖို့ ကြိုးပမ်းလာတာပါ။

 စပါးအသင်းဟာ ဆွန်ဟောင်မင်ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ရေး လုပ်ဆောင်နေပြီး မကြာခင်မှာ စာချုပ်ချုပ် ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။



စာချုပ်သစ် ချုပ်ဆိုနိုင်ပါက ဆွန်ဟောင်မင်ဟာ အသင်းခေါင်းဆောင် ဟယ်ရီကိန်း၊အန်ဒွန်ဘလီတို့နည်းတူ အသင်းရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားတစ်ဦး ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း အသင်းနဲ့မူလစာချုပ်အရ ၂၀၂၃ခုနှစ်အထိ ရှိသေးပေမယ့် အခြား ဥရောပအသင်းကြီးတွေက လည်း ဆွန်ကို စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့်လည်း စပါးအသင်းအနေနဲ့ ဆွန်ကို အသင်းမှာ ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ အားသာနေပြီး အဓိက အကြောင်းကတော့ ဆွန်ဟောင်မင်၊ အသင်းခေါင်းဆောင် ကိန်းနှင့် လက်ရှိနည်းပြ မော်ရင်ဟိုတို့အကြားက ကောင်းမွန်နေတဲ့ ဆက်ဆံရေးကြောင့်လည်း ဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ယခုနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် လက်စတာအသင်းက ဗာဒီနှင့်အတူ ၈ဂိုးစီသွင်းပြီး ရပ်တည်နေပါတယ်။

ဒါ့အပြင် အသင်းဖော် ကိန်းနှင့်လည်း နှစ်ဦးပေါင်း လိဂ် သွင်းဂိုးက ၁၅ဂိုးထိရှိနေပြီ ဖြစ်လို့ နှစ်ဦးကြားက ကောင်း မွန်နေတဲ့ ဆက်ဆံရေးကို မြင်တွေ့ရမှာပါ။

လက်ရှိမှာတော့ ဆွန်ဟာ စပါးအသင်းမှာ တစ်ပတ်လုပ် ပေါင် ၁၄၀၀၀၀ နဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်ချုပ်ဆိုထား တာဖြစ်ပြီး စာချုပ်သစ်အရ တစ်ပတ်လုပ်ခ ပေါင် ၂သိန်းအထိ တိုးမြင့်ရရှိမှာဖြစ်ပြီး စာချုပ်သက်တမ်းကတော့ ၂၀၂၅(သို့)၂၆အထိ ဆက်လက် တိုးမြင့်နိုင်ပါတယ်။

Share

Loading Next Article...
က္က