မူလက တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀သာရရှိနေတာပါ။

ဘာစီလိုနာကို ရောက်နေတဲ့ ဆရာဟောင်းဖြစ်သူ ကိုးလ်မန်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အင်တာမီ လန်အသင်းကလည်း လိုချင်နေတာကြောင့် ဝစ်ဂျ်နယ်လ်ဒမ်ဘယ်ကိုရွေးမလဲဆိုတာ မကြာခင် သိရတော့မှာပါ။

အသက် ၃၀အရွယ် နယ်သာလန် ကစားသမား ဝစ်ဂျ်နယ်လ်ဒမ်ကို လီဗာပူးအသင်းက နောက်ထပ် ၃နှစ်သက်တမ်း တိုးစာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားပါတယ်။



ဒါကြောင့်လည်း တစ်ပတ်လုပ်ခ မူလ ပေါင်၇၅၀၀၀ ပေးချေနေရာမှ ယခုအခါ ၁၀၅၀၀၀ အထိ တိုးမြှင့်ပြီး ကမ်း လှမ်းထားတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

ဒါပေမယ့်လည်း calciomercato.com ရဲ့ ဖော်ပြချက်အရ ဝစ်ဂျ်နယ်လ်ဒမ်ဟာ လီဗာပူးမှာ ၅နှစ်ကြာ ကျင်လည် ပြီးနောက် အခြား နိုင်ငံတစ်ခုကို ပြောင်းရွှေ့ချင်နေတယ်လို့သိရပါတယ်။

လက်ရှိ နိုင်ငံတကာ ပြိုင်ပွဲကာလမှာ နိုင်ငံအသင်းဖြစ်တဲ့ နယ်သာလန်အသင်းနဲ့ ပူးပေါင်းနေချိန်မှာလည်း ဝစ်ဂျ် နယ်လ်ဒမ်က ဒီအကြောင်းကို အရိပ်အမြွက်ထုတ်ပြောသွားတယ်လို့ ဆိုပါသေးတယ်။

“ဘာမှ မပြောနိုင်သေးပေမယ့် အခုပြောနေတဲ့ ကျွန်တော့်ကို ထပ်လိုချင်သေးတယ်ဆိုတာ လီဗာပူးအသင်းကိုပဲ အရင်မေးကြည့်ပါဦး၊ကျွန်တော့်ဖက်ကတော့ မပြောနိုင်သေးပါဘူး၊”လို့ ဝစ်ဂျ်နယ်လ်ဒမန်က ဆိုပါတယ်။

ဝစ်ဂျ်နယ်လ်ဒမ်ကိုတော့ ဆရာဟောင်းဖြစ်သူ ရော်နယ်ကိုးလ်မန်းက သူကိုင်တွယ်နေတဲ့ ဘာစီလိုနာအတွက် ခေါ် ယူလိုနေတာ ဖြစ်သလို လက်ရှိမှာလည်း အင်တာမီလန်အသင်းက ဒီခေါ်ယူမှု ပြိုင်ပွဲထဲ ပါဝင်လာပြီလို့သိရပါ သေးတယ်။

“အနာဂတ်မှာ ဝစ်ဂျ်နယ်လ်ဒမန်က နည်းလမ်းတစ်ခု ဖြစ်လာမှာပါ၊အခုတော့ သူလီဗာပူးအတွက် ကစားပေးနေ ပါတယ်။ဒိထက်တော့ မပြောနိုင်တော့ပါဘူး။”လို့ ဘာစီလိုနာ နည်းပြ ကိုးလ်မန်းက ဆိုပါသေးတယ်။

ဒါကြောင့် ဝစ်ဂျ်နယ်လ်ဒမ်အနေနဲ့ ချန်ပီယံလိဂ်၊ပရီးမီးယားလိဂ် ဆုဖလားတွေကို အတူပိုင်ဆိုင်ထားတဲ့ လီဗာပူး အသင်းမှာဆက်နေမလား၊စိန်ခေါ်မှုအသစ်တွေအတွက် အီတလီကိုသွားမလား၊ဆရာဟောင်းဖြစ်သူ ကိုးလ်မန်းနဲ့ လက်တွဲမလားဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပါတော့မယ်။

Share

Loading Next Article...
က္က