ဇန်နဝါရီမှာ ခေါ်ယူဖို့ အားထုတ်သွားမယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

အန်ဆယ်လော့တီဟာ သူ့ရဲ့အသင်းကို ပိုမိုတောင့်တင်းလာစေဖို့ အလိုရှိနေပြီး ပြီးခဲ့တဲ့စျေးကွက်အတွင်း ပေါင် ၆၇ သန်း သုံးစွဲခဲ့ပေမယ့် ထပ်မံပြီး ငွေကြေးအသုံးပြုဖို့ ရှိနေပါတယ်။


အဲဗာတန်အသင်းဟာ လာမယ့်ဇန်နဝါရီစျေးကွက်အတွင်း ယူနိုက်တက်မှာပုံမှန်ကစားခွင့်ဆုံးရှုံးနေပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ တောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အန်ဆယ်လော့တီဟာ သူ့ရဲ့အသင်းကို ပိုမိုတောင့်တင်းလာစေဖို့ အလိုရှိနေပြီး ပြီးခဲ့တဲ့စျေးကွက်အတွင်း ပေါင် ၆၇ သန်း သုံးစွဲခဲ့ပေမယ့် ထပ်မံပြီး ငွေကြေးအသုံးပြုဖို့ ရှိနေပါတယ်။

ဒီရာသီမှာ ဂေါ့ဒ်ဖရေး၊ အယ်လန်၊ ဒူကူရီ နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို ခေါ်ယူခဲ့ပြီးနောက် အဲဗာတန်ဟာ ရာသီအစမှာ တော်တော်လေးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ပွဲစဉ်အနည်းငယ်မှာ အသင်းရလဒ်ပိုင်းကျဆင်းလာခဲ့ပြီးနောက် ကစားသမားတွေရဲ့ ပွဲပန်းမှုက အဓိကကျတယ်လို့ အန်ဆယ်လော့တီက ယူဆနေကာ အရည်အသွေးမြင့်ကစားသမားတွေကို ထပ်မံခေါ်ယူချင်နေတာဖြစ်ပါတယ်။ 

ဂျိမ်းစ်ကလည်း ဆွမ်ဆီးကနေ ယူနိုက်တက်ကို ရောက်ရှိခါစမှာ တော်တော်လေးခြေစွမ်းပြခဲ့ပြီး ပရိသတ်အကြိုက်ကစားသမားအဖြစ် အချိန်တိုအတွင်းမှာ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ပုံမှန်ခြေစွမ်းမပြသနိုင်သလို ပွဲထွက်ခွင့်ရရှိဖို့ပါ ရုန်းကန်ခဲ့ရပြီး အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ပြီး လိဒ်ယူနိုက်တက်နဲ့ ချိတ်ဆက်နေတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကာယကံရှင်ကတော့ အဆိုပါသတင်းတွေကို ငြင်းဆိုခဲ့ပြီး ယူနိုက်တက်မှာပဲ နေရာရဖို့ ကြိုးစားသွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်က ခေါ်ယူချင်နေတယ်လို့ Football Insider က ဖော်ပြခဲ့ပြီး အမှန်တကယ်ကမ်းလှမ်းခဲ့မယ်ဆိုရင်တော့ ဂျိမ်းစ်ဘက်က စိတ်ဝင်စားဖွယ်ရှိနေပြီး ပုံမှန်ကစားခွင့်ဆက်လက်ပျောက်ဆုံးနေမယ်ဆိုရင် စိတ်ကူးပြောင်းလဲလာနိုင်ပါတယ်။


ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ဂျိမ်းစ်က ဝေးလ်အတွက် ခြေစွမ်းပြခဲ့ပြီး လှပတဲ့သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ကာ သူ့ကို နေရာပေးသင့်နေပြီလို့ ဆိုးလ်ရှားကို သက်သေပြခဲ့ပါတယ်။ 


Author


က္က