အသင်းဟောင်း စပါးထံ ပြန်ရောက်မယ်လို့လည်း သတင်းထွက်နေပါတယ်။
Kyaw Ko Ko Sint

စပါးကနေ အင်တာမီလန်ကို ပြောင်းရွှေ့သွားပေမယ့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသလို နည်းပြ ကွန်တီရဲ့ အကြိုက်တွေ့ခြင်းကိုလည်း မခံထားရပဲ ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့တာပါ။

အသင်းရဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်က အသင်းကနေ ရောင်းထုတ်ပေးဖို့ တောင်းဆိုလာတာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့ ရှိတယ်လို့ အင်တာမီလန်အသင်းရဲ့ အားကစားဒါရိုက် တာ မာရော့တာက အတည်ပြု ပြောလာပါတယ်။

ဒီနှစ်ကမှ စပါးအသင်းကနေ အင်တာမီလန်ကို ‌ပြောင်းရွှေ့လာခဲ့တဲ့ အဆိုပါ ဒိန်းမတ် ကွင်းလယ်လူဟာ ဆန်စီရို မှာ နေရာရဖို့ ရုန်းကန်နေရပြီး မနှစ်က ဘောလုံးရာသီမှာလည်း ၃၃ပွဲ ပါဝင်ကစားကာ ၄ဂိုးသာ သွင်းယူနိုင်ခဲ့ပါ တယ်။

ယခုနှစ်ဘောလုံးရာသီမှာတော့ အသင်းနှင့်အတူ၅ပွဲသာ ပါဝင်ပေးထားနိုင်ခြင်း ရှိသေးပြီး အကြောင်းကတော့ နည်းပြ ကွန်တီက အဲရစ်ဆင်ကို မကြိုက်နှစ်သက်တာကြောင့် လာမယ့် ဇန်နဝါရီမှာ အသင်းဖက်ကနေလည်း ရောင်းထုတ်ပေးသွားတော့မယ်လို့ အတည်ပြုလာတာပါ။

“အခုချိန်မှာတော့ ကွန်တီမလိုချင်တဲ့ ကစားသမားကို ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့ပါဘူး၊မှန်ကန်တဲ့ လုပ်ရပ် ကိုတော့ လုပ်ဆောင်ရပါလိမ့်မယ်၊ကမ်းလှမ်းမှုတွေကိုတော့ စောင့်ကြည့်နေပြီး အကောင်းမွန်ဆုံး ပူးပေါင်းနိုင်မယ့် အသင်းတစ်သင်းကို ရှာဖွေသွားမှာပါ။”လို့ မာရော့တာက ဆိုပါတယ်။

နည်းပြ ကွန်တီအနေနဲ့ကလည်း ကွင်းလယ်မှာ ဘာရယ်လာ၊ဂါဂလီယာဒီနီနဲ့ဗီဒီယ်တို့ ၃ဦးကို အကြိုက်တွေ့နေပြီး ၃-၅-၂ ကစားကွက်နဲ့ အသင်းကို တည်ဆောက်နေပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ အသက် ၂၈နှစ်အရွယ် ဒိန်းမတ်ကွင်းလယ်လူဟာ အင်တာမီလန်က ထွက်ခွာဖို့ နီးစပ် နေပြီး စိတ်လှုပ်ရှားစရာ သတင်းကတော့ အသင်းဟောင်း စပါးထံ ပြန်လည်ရောက်ရှိဖို့ များနေတယ်ဆိုတဲ့ သတင်း တွေပါပဲ။

ဒါ့အပြင် လန်ဒန်ဒါဘီပြိုင်ဖက် အာဆင်နယ်အသင်းကိုလည်း ဆွစ်ဇာလန် ကွင်းလယ်လူ ဇာခါနှင့် အလဲအထပ်ပြု လုပ်ကာ ရောက်ရှိနိုင်တယ်လို့လည်း ဖော်ပြနေကြပါတယ်။

လက်ရှိ အင်တာမီလန်နဲ့ အဲရစ်ဆင်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရတော့ ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိနေပြီး ဘယ် အသင်းကို ရောက်ရှိမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။


Author


က္က