မန်စီးတီးအတွက်တော့ စိုးရိမ်ဖွယ်ရာဖြစ်လာပါပြီ။

မန်စီးတီးကို ရောက်ရှိမယ်လို့ ရေပန်းစားနေချိန်မှာ ပီအက်စ်ဂျီရဲ့ ပြင်ဆင်မှုက မက်ဆီဘယ်ကိုရောက်မလဲဆိုတာ ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းလာခဲ့ပါတယ်။


မက်ဆီနဲ့အတူ လာမယ့်ရာသီမှာ တွဲဖက်ကစားချင်တယ်လို့ နေမာက ပြောဆိုခဲ့ပြီးနောက် ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနားကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့သတင်းတွေလည်း ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ မန်စီးတီးကို ရောက်ရှိမယ်လို့ ရေပန်းစားနေချိန်မှာ ပီအက်စ်ဂျီရဲ့ ပြင်ဆင်မှုက မက်ဆီဘယ်ကိုရောက်မလဲဆိုတာ ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းလာခဲ့ပါတယ်။



ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ နေမာက မက်ဆီနဲ့ တွဲဖက်ကစားချင်တယ်လို့ လူသိရှင်ကြားပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောဆိုမှုအပေါ်မှာ ပြင်သစ်ကလပ်ဘက်က ခေါ်ယူဖို့အတွက် စီစဉ်ထားလို့သာ နေမာက ပြောဆိုခဲ့တာဖြစ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေခဲ့ပြီး နေမာနည်းတူ အခြားသောပီအက်စ်ဂျီကစားသမားဖြစ်တဲ့ ပါရီဒက်စ်ကလည်း မက်ဆီကို လာကစားဖို့ဖိတ်ခေါ်သွားခဲ့ပါတယ်။ 

မက်ဆီကတော့ ရာသီကုန်မှာ ဘာစီလိုနာနဲ့လမ်းခွဲနိုင်ချေရှိနေပြီး မန်စီးတီးက ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအသင်းဖြစ်နေပါတယ်။ ဂွာဒီယိုလာ၊ အဂူရိုတို့လို မက်ဆီနဲ့ရင်းနှီးသူတွေကြောင့်လည်း မန်စီးတီးက အလေးသာနေခဲ့ပေမယ့် ပီအက်စ်ဂျီကသာ ကြိုးပမ်းလာခဲ့မယ်ဆိုရင် တကယ့်ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 

ပါရီဒက်စ်က "သူ ပီအက်စ်ဂျီကိုလား၊ ကျွန်တော်ကတော့ မျှော်လင့်မိတာပေါ့၊ ကျွန်တော်တို့အားလုံး သူ့ကိုလာစေချင်ပါတယ်၊ ဒါပေမယ့် သူ့ဆုံးဖြတ်ချက်ပါပဲ၊ သူ့အတွက်အကောင်းဆုံးဆုံးဖြတ်ချက်ကို လီယိုချမှတ်နိုင်မယ်ထင်ပါတယ်၊ သူလာရင်တော့ ကြိုဆိုဖို့အတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါတယ်" လို့ ESPN က တဆင့် ပြောဆိုခဲ့ပါတယ်။ 

ပီအက်စ်ဂျီကတော့ မန်စီးတီးနည်းတူ ငွေကြေးသုံးစွဲနိုင်စွမ်းရှိပြီး နေမာ၊ ဒီမာရီယာ၊ အီကာဒီ၊ ပါရီဒက်စ်၊ မာကွင်ဟို့စ်တို့လို တောင်အမေရိကကစားသမားတွေလည်း အသင်းမှာရှိနှင့်ပြီးဖြစ်တာကြောင့် သူ့အတွက် အခက်အခဲရှိဖို့ရာ နည်းပါးမယ့်အသင်းလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က